Live Score

 

ပက္ကြီအုိမွာ သရဲဘောကြောင်သူ တစ်ဦး ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထိုးသတ်တော့မည် မဟုတ်ဟု မေ၀ယ်သာပြောကြား

အမေရိကန် လက်ဝှေ့ အကျော်အမော် ဖလွိုက်မေ၀ယ်သာသည် ပက်ကွီအိုအား သရဲဘောကြောင်သူ တစ်ဦးဖြစ်ပြီး အရှုံးကို မရင်ဆိုင်နိုင်သောသူ တစ်ဦး ဖြစ်သည်ဟု ဝေဖန်ခဲ့ပြီးနောက် နောက်တစ်ကြိမ် ထိုးသတ်တော့မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။


ပြီးခဲ့သော အပတ်က MGM Grandတွင် ထိုးသတ်ခဲ့သော Century of the Fight ပြိုင်ပွဲကြီးတွင် မေ၀ယ်သာမှာ အမှတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပက်ကွီအိုမှာလည်း ၄င်း၏ရှုံးနိမ့်မှု အတွက် ကျေနပ်ခြင်း မရှိခဲ့သလို မေ၀ယ်သာမှလည်း ဒုတိယအကြိမ် ထပ်မံ ထိုးသတ်သွားမည်ဟု ပြောကြားထားသူလည်း ဖြစ်သည်။

ပက်ကွီအို အနေဖြင့် မေ၀ယ်သာနှင့် မထိုးသတ်မီ အချိန် ကတည်းက ပခုံးဒဏ်ရာ ရရှိထားခဲ့ သော်လည်း သိုဝှက်ထားသောကြောင့် ၄င်းဘက်မှ လောင်းကြေး ထပ်ခဲ့သော သူအချို့၏ တရားစွဲ ဆိုမည်ဟူသော သတင်းများမှာလည်း ထွက်ပေါ်ခဲ့ရသည်။

မေ၀ယ်သာ ကိုယ်တိုင်မှလည်း ပက်ကွီအိုအား လေးစားသူ တစ်ဦးဟုလည်း သိရသော်လည်း ပက်ကွီအိုသည် ထိုးသတ်ပွဲ ပြီးဆုံးချိန်တွင် စောဒကများစွာ တက်ခဲ့သောကြောင့် လေးစားမှု မရှိတော့ဟု အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။