Live Score

 

မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်စေရန် အတွက် လေးကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲ ကျင်းပနေစဉ် မီးပြတ်တောက်၍ ပြိုင်ပွဲများ အချိန်အတော်ကြာ ရပ်နားခဲ့ရ

မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွက်စေရန်အတွက် လေးကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲများ ကျင်းပနေစဉ် သိမ်ဖြူ အားကစားကွင်း၌ မီးများပြတ်တောက်ခဲ့သောကြောင့် လက်ဝှေ့ ပြိုင်ပွဲများ အချိန်အတော်ကြာ ရပ်နားခဲ့ရသည်။

 


“မီးပြတ်သွားတဲ့အတွက် ပြိုင်ပွဲတွေကို ဆက်လက်ကစားဖို့ အတွက် သိမ်ဖြူ အားကစားရုံ အတွင်းမှာရှိတဲ့ မီးစက်ကိုနှိုးဖို့ ကြိုးစားသေးတယ်။ ဘတ်ထရီတွေက အားမရှိတော့ ဘယ်လိုမှ နှိုးလို့မရတဲ့ ပြိုင်ပွဲကို နာရီဝက်ခန့် ရပ်နားခဲ့ရတဲ့အတွက် ကြည့်နေတဲ့ ပရိသတ်တွေ အတွက်လည်း စိတ်အနှောက်အယှက် တော်တော်ဖြစ်ခဲ့ရပါတယ်။ တကယ်ဆိုရင် မီးစက်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အား/ကာက တာဝန်ယူပြီးတော့ ကြိုတင်ပြင်ဆင်ထားရမှာ အခုတော့ အစုတ်တွေ ဖြစ်နေတယ်”ဟု အဆိုပါ ပြိုင်ပွဲမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံရိုးရာ အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာမီဒီယာဂရု(ပ်) စီစဉ်သည့် မျိုးဆက်သစ် Myanmar Fight IV မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို သြဂုတ်လ ၂၃ရက်နေ့တွင် သိမ်ဖြူအားကစားရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် သုံးချီနှင့် လေးချီပြိုင်ပွဲများ ပါဝင်ခဲ့ပြီး သုံးချီ မျိုးဆက်သစ်ပွဲကို ငါးပွဲယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး အေးထွန်း (ဟံသာဝတီသား)က ၀ိရ(ဇာတိမာန်) ကိုလည်း ကောင်းမိုးမခ (မုဒုံသား)က လင်းလင်းအောင်(ဟံသာဝတီသား)ကို လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပြီး။ ကျန်သုံးပွဲမှာ သရေရလဒ်ဖြင့် အဆုံးသက်ခဲ့ရသည်။ ထို့အပြင် လေးချီစိန်ခေါ်ပွဲဖြင့် ၂ပွဲ ယှဉ်ပြိုင်ထိုးသတ်ကြရာတွင် လွမ်ချိုင်း (ငြိမ်းချမ်းရေး)က စောမင်းအောင် (မုဒုံသား)ကို လည်းကောင်း တိမ်တိုက်(မုဒုံသား)မှ သိန်းစိုး(T&T)ကိုလည်းကောင်း အလဲထိုးပြီး အသီးသီး အနိုင်ရရှိခဲ့သည်။ မျိုးဆက်သစ် လက်ဝှေ့ပြိုင်ပွဲများ၏ ငါးကြိမ်မြောက် ပြိုင်ပွဲများကို စက်တင်ဘာ ၁၃ရက်တွင် ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။