Live Score

 

အိုင်ဘီအက်ဖ် ချန်ပီယံ အန်ထော်နီ ဂျို့(စ်)၀ါ စိန်ခေါ်မှုကို ၇ ချီဖြင့် အလဲထိုး

နိုင်ငံတကာ လက်ဝှေ့အဖွဲ့ချုပ်ဖြစ်သည့် IBF ၏ ဟဲဗီးဝိတ် ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ အန်ထော်နီဂျို့(စ်)၀ါက စိန်ခေါ်သူ ဒိုမီနစ်ဘရီယာဇီးလ်ကိုကို လန်ဒန်မြို့တွင် ကျင်းပသည့် ပွဲ၌ ၇ ချီတွင် အလဲထိုးနိုင်ခဲ့သည်။


လက်ရှိချန်ပီယံ အန်ထော်နီသည် ထိုးခဲ့သမျှပွဲများတွင် ယခုအချိန်ထိ ၁၇ ပွဲအလဲထိုး အနိုင်ယူထား သူဖြစ်သည်။ အရပ် ၆ ပေ ၇ လက်မရှိသည့် ဒိုမီနစ်သည် အရပ်နှင့်အလေးချိန် အားသားချက်ကို အသုံးချခဲ့သော်လည်း အန်ထော်နီကို မယှဉ်နိုင်ခဲ့ပေ။ ဒိုမီနစ်သည် ပရော်ဖက်ရှင်နယ်ပွဲ ၁၇ ပွဲထိုးထားပြီး ရှုံးပွဲမရှိသေးသည့် အမေရိကန် လက်ဝှေ့သမား ဖြစ်သည်။

အသက် ၂၆ နှစ်ရှိသည့် အန်ထော်နီသည် ပြီးခဲ့သည့် ဧပြီလက တခြားအမေရိကန် လက်ဝှေ့သမား ချားလ်မာတင်ကို ဒုတိယတွင် အလဲထိုးပြီး IBF ချန်ပီယံဘွဲ့ကို ရယူထားသူဖြစ်သည်။ ယခုပွဲတွင် ဒိုမီနစ်သည် (၇)ချီတွင် ကြမ်းခင်းပေါ် (၂)ခါ လဲကျသွားခဲ့သေးသည်။

ချန်ပီယံ အန်ထော်နီသည် ပွဲဆက်များနေသဖြင့် ပွဲစီစဉ်သူက နားရက်ရှည်ယူရန် လိုသည်ဟု ပြောထားသည်။