Live Score

 

ထွန်းထွန်းမင်းလက်ရည်အရ မရှုံးသော်လည်း ပြိုင်ပွဲဥပဒေအရရှုံး

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဇူလိုင် ၃၀ ရက် နေ့လယ်က ကျင်းပသော ဂမ်လျူဂျီးမား ကမ္ဘာ့ကိုယ်ခံ ပညာပေါင်းစုံ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ထွန်းထွန်းမင်းသည် ကွန်ဂိုမှ ဒါရီလိုကုကုကို ပထမအချီတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 

ပထမအချီ စလျင်စချင်း ထွန်းထွန်းမင်းက ခြေကန်ချက်များဖြင့် တိုက်ခိုက်သော်လည်း ဒါရီလိုကုကုက ရှောင်တိမ်းပြီး ထွန်းထွန်းမင်းကို စင်အောက်သို့ နှစ်ကြိမ် ဆွဲချနိုင်ခဲ့သည်။ စင်ပေါ်မှ သုံးကြိမ်ကျလျှင် အရှုံးပေးရမည့် အတွက် ထွန်းထွန်းမင်းက တိုက်စစ်ဆင်ရန်ကြိုးစားစဉ် ဒါရီလိုကုကုက ဆွဲလှဲပြီး သုံးချက်ထိုးနိုင်သဖြင့် ပြိုင်ပွဲဥပဒေအရ ထွန်းထွန်းမင်းကို မထိသော်လည်း အိပွန်းခေါ် တစ်ချက်ကောင်း သတ်မှတ်ခံရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အခြားပွဲစဉ်များတွင် မွေထိုင်း ချန်ပီယံ ခွန်တာဖူးကို ဂျပန် အိုကီနာဂါကရာတေး ချန်ပီယံက ပထမအချီ ၄၅ စက္ကန့်တွင် အိပွန်းခေါ် တစ်ချက်ကောင်းဖြစ်လည်းကောင်း၊ ရုရှားခုဒို ပညာရှင်က လက်ရှိချန်ပီယံ မွန်ဂိုနပမ်း ပညာရှင်ကိုလည်းကောင်း၊ ဂျပန် ကွန်ဖူးပညာရှင်က အစ္စရေးမှ ဂရက်မာဂပညာရှင်ကို လည်းကောင်း၊ တောင်အာဖရိက လက်ဝှေ့က ဂျပန် MMA ချန်ပီယံကိုလည်းကောင်း အသီးသီးအနိုင်ရရှိသွားသည်။

ထွန်းထွန်းမင်းကို ဂမ်လျူဂျီးမား ပြိုင်ပွဲတွင် အနိုင်ရသွားသော ကွန်ဂိုမှ ဒါရီလိုကုကုကို အောက်တိုဘာလ ၂၇ ရက်နေ့ ဂျပန်တွင်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွင် ရိုးရာ နည်းစနစ်အတိုင်း ထိုးသတ်ရန် မြန်မာ မီဒီယာ ဂရု(ပ်)က ပွဲပြီးလျင်ပြီးချင်း ကမ်းလှမ်းထားခဲ့ကြောင်း သတင်းရရှိသည်။