Live Score

 

ထွန်းထွန်းမင်း ဂျပန်တွင် ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲ သွားပြိုင်မည်

မြန်မာ မီဒီယာဂရု(ပ်)၏ စီစဉ်မှုဖြင့် ရိုးရာလက်ဝှေ့ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းသည် ဇူလိုင် ၃၁ ရက်နေ့တွင် တိုကျို၌ ကျင်းပမည့် လေးကြိမ်မြောက် ဂမ်လျူဂျီးမား ဆာမူရိုင်း ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် လက်ဝှေ့ (LETHWEI) ဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Read more: ထွန်းထွန်းမင်း ဂျပန်တွင် ကမ္ဘာ့ကိုယ်ခံပညာပြိုင်ပွဲ သွားပြိုင်မည်

ငါးချီ အထူးစိန်ခေါ်ပွဲများ ပါဝင်မည့် လက်ဝှေ့စိန်ခေါ်ပွဲ ရန်ကုန်တွင် ပြုလုပ်မည်

ငါးချီ အထူးစိန်ခေါ်ပွဲများ ပါဝင်သည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ တစ်ခုကို ဇွန် ၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူ မြန်မာ့ရိုးရာအား ကစားရုံတွင် နေ့လယ် ၂ နာရီမှ စတင်ကာ ပြုလုပ်သွားမည်ဖြစ်သည်။

Read more: ငါးချီ အထူးစိန်ခေါ်ပွဲများ ပါဝင်မည့် လက်ဝှေ့စိန်ခေါ်ပွဲ ရန်ကုန်တွင် ပြုလုပ်မည်

မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ပွဲစဉ်အမှတ် ၁၃တွင် အလဲထိုးပွဲ များပြား

မြန်မာမီဒီယာ ဂရု(ပ်)မှ ပုံမှန်ကျင်းပပေးနေသော မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ၏ ပွဲစဉ် ၁၃ကို သိမ်ဖြူ မြန်မာရိုးရာ လက်ဝှေ့ရုံတွင် မေလ ၁၅ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီက ကျင်းပခဲ့ရာ အလဲထိုးပွဲ လေးပွဲ၊ လက်ရည်မမျှသဖြင့် ဒိုင်ပွဲရပ် တစ်ပွဲနှင့် သရေနှစ်ပွဲ အဖြေထွက်ပေါ်ခဲ့သည်။ သုံးချီ မျိုးဆက်သစ်ပွဲတွင် ဖိုက်တာ (အဖြူရောင်သွေးသစ်)နှင့် ရဲမျိုး (ထွန်းသွင်)  တစ်ပွဲသာ သရေကျပြီး အောင်တိုင်းမောင် (ရွှေဒေါပုံ)က ဒေါနကျား (ရွှေမိုးထိငြိမ်းချမ်းရေး)ကို  ဒုတိယ အချီတွင် လက်ရည် မမျှသဖြင့် ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း၊ အောင်မျိုးဟိန်း (အောင်မြန်မာ)က ဇင်မင်းဦး (ထွန်းသွင်)ကို တတိယ အချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ ဇွဲရန်နိုင်(ထွန်းသွင်)က ကျော်ဇောထွန်း (ရွှေမိုးထိငြိမ်းချမ်းရေး)ကို ဒုတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ ဆလိုင်းချမ်းမြေ့ကို (ထွန်းသွင်)က တိမ်ပျံ၊ (ရွှေမိုးထိငြိမ်းချမ်းရေး)ကို တတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း အနိုင်ရရှိသွားကြသည်။

Read more: မျိုးဆက်သစ် ရိုးရာလက်ဝှေ့ ပွဲစဉ်အမှတ် ၁၃တွင် အလဲထိုးပွဲ များပြား

ရုရှားမှ ချန်ပီယံများနှင့် ထွန်းထွန်းမင်း၊ တူးတူးတို့ ထိုးသတ်မည့် Max Thingyan Fight ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ၏ ပထမတန်း လက်ဝှေ့ကျော်နှစ်ဦး ဖြစ်သော ထွန်းထွန်းမင်း၊ တူးတူးတို့နှင့် ရုရှားမှ ချန်ပီယံများ ထိုးသတ်မည့် Max Thingyan Fight ပြိုင်ပွဲကို ဧပြီ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် ရန်ကုန်မြို့ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့ အားကစား ပြိုင်ပွဲရုံတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

Read more: ရုရှားမှ ချန်ပီယံများနှင့် ထွန်းထွန်းမင်း၊ တူးတူးတို့ ထိုးသတ်မည့် Max Thingyan Fight...

ဂျပန်တွင် ကျင်းပမည့် စတုတ္ထအကြိမ် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ အမည်ဖြင့် ရိုးရာလက်ဝှေ့ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံတွင် ၂၀၁၅ခုနှစ်မှစပြီး တစ်နှစ်လျှင်နှစ်ကြိမ် ကျင်းပနေသော ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် စတုတ္ထအကြိမ်မှစပြီး မြန်မာ့ရိုးရာ လက်ဝှေ့သမားများက မြန်မာ့လက်ဝှေ့အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာမီဒီယာ ဂရု(ပ်)၏ မန်နေဂျင်း ဒါရိုက်တာ ဦးဝဏ္ဏက ပြောသည်။

Read more: ဂျပန်တွင် ကျင်းပမည့် စတုတ္ထအကြိမ် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ အမည်ဖြင့်...