Live Score

 

ပရိတ်သတ်ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့သည့် မြန်မာ-အမေရိကန် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီး

မြန်မာရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး Air KBZမှ အဓိကပံ့ပိုးကူညီကာ မြန်မာမီဒီယာဂရု(ပ်)မှ စီစဉ်သည့် ပ၀ါမကူ ရေမရှူတမ်း Monsoon Fight မြန်မာ-အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ဇူလိုင်လ ၂၆ရက်နေ့ နေ့လည် ၂ နာရီအချိန်က သိမ်ဖြူ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့ရာ လက်ဝှေ့ဝါသနာရှင် ပရိတ်သတ်များ ရုံပြည့်ရုံလျှံ လာရောက် အားပေးခဲ့ကြသည်။

Read more: ပရိတ်သတ်ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့သည့် မြန်မာ-အမေရိကန် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး...

ပ၀ါမကူ ရေမရှူတမ်း Monsoon Fight မြန်မာ-အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Air KBZက အဓိက ပံပိုးကူညီကာ မြန်မာမီဒီယာ ဂရု(ပ်)က ဦးစီးကျင်းပမည့် ပ၀ါမကူ ရေမရှူတမ်း Monsoon Fight မြန်မာ-အမေရိကန် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၁၇ရက်ညနေ့က စင်ထရယ် ဟိုတယ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အဲကမ္ဘောဇမှ တာဝန်ရှိသူများ၊ ရိုးရာ လက်ဝှေ့သမားများ၊ ကလပ်အသင်းများ၊ မီဒီယာများနှင့် ဖိတ်ကြားထားသူများ တတ်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Read more: ပ၀ါမကူ ရေမရှူတမ်း Monsoon Fight မြန်မာ-အမေရိကန် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ

အိုလံပစ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပွဲ ကျင်းပ (မြန်မာမီဒီယာဂရု(ပ်)က ပြိုင်ပွဲဝင် ကလပ်သင်းများကို တစ်နှစ်စာ ဆန်အိတ်များ ထောက်ပံ့)

အိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မျိုးဆက်သစ် လက်ဝှေ့ပြိုင်ပွဲများကို ဇွန်လ ၂၁ ရက် မွန်းလွဲ ၂း၀၀နာရီက သိမ်ဖြူ အားကစားရုံတွင် ကျင်းပခဲ့ရာ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပွဲစီစဉ်သည့် မြန်မာမီဒီယာဂရု(ပ်)နှင့် ပံ့ပိုးကူညီသူ ရိုးရာလက်ဝှေ့ ချစ်မြတ်နိုးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ရိုးရာလက်ဝှေ့ ချစ်မြတ်နိုးသူများ လာရောက်အားပေးခဲ့ကြသည်။

Read more: အိုလံပစ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပွဲ ကျင်းပ (မြန်မာမီဒီယာဂရု(ပ်)က ပြိုင်ပွဲဝင်...

ပက်ကွီအိုမှာ သရဲဘောကြောင်သူ တစ်ဦး ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထိုးသတ်တော့မည် မဟုတ်ဟု မေ၀ယ်သာပြောကြား

အမေရိကန် လက်ဝှေ့ အကျော်အမော် ဖလွိုက်မေ၀ယ်သာသည် ပက်ကွီအိုအား သရဲဘောကြောင်သူ တစ်ဦးဖြစ်ပြီး အရှုံးကို မရင်ဆိုင်နိုင်သောသူ တစ်ဦး ဖြစ်သည်ဟု ဝေဖန်ခဲ့ပြီးနောက် နောက်တစ်ကြိမ် ထိုးသတ်တော့မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။

Read more: ပက်ကွီအိုမှာ သရဲဘောကြောင်သူ တစ်ဦး ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထိုးသတ်တော့မည် မဟုတ်ဟု...

မေ၀ဲလ်သာနှင့် ပက်ကွီအို လက်ဝှေ့ပွဲ လက်မှတ် အမေရိကန် ဒေါ်လာ ၁၅၀၀မှ ၇၅၀၀ အထိ ဈေးပေါက်နေ

ကမ္ဘာ့နာမည်ကျော် လက်ဝှေ့သမား နှစ်ဦးဖြစ်သော မေ၀ဲလ်သာနှင့် ပက်ကွီအိုတို့၏ လက်ဝှေ့ပွဲ လက်မှတ်များမှာ တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၁၅၀၀ မှ ၇၅၀၀ အထိရှိပြီး၊ လက်မှတ်များကို ပက်ကွီအိုနှင့် မေ၀ဲလ်သာ ပရိသတ်များအား နေရာသီးခြားစီခွဲ၍ ရောင်းချသွားမည်ဖြစ်ပြီး၊ ရုပ်သံ မီဒီယာကိုလည်း နေရာ သီးသန့်စီမံပေးထားကြောင်းလည်း သိရသည်။

Read more: မေ၀ဲလ်သာနှင့် ပက်ကွီအို လက်ဝှေ့ပွဲ လက်မှတ် အမေရိကန် ဒေါ်လာ ၁၅၀၀မှ ၇၅၀၀ အထိ ဈေးပေါက်နေ