Live Score

 

ရန်ကုန်-ရတနာပုံပွဲစဉ် အစဉ်အလာမပျက် နှစ်ဖက်ပရိသတ်များ အချင်းများခဲ့

အစဉ်အလာအားဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံယူနိုက်တက် အသင်းတို့ယှဉ်ပြိုင်ကစားရာမှာ ပွဲအပြီးမှာတော့ နှစ်ဖက်ပရိသတ်များ အချင်းများခဲ့ကြသည်။


အော်ရီဒူး မြန်မာနေရှင်နယ် လိဂ်အမှတ်ပေးပြိုင်ပွဲ ၁၃ အဖြစ် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ရတနာပုံ ယူနိုက်တက် အသင်းတို့ဟာ ဇွန်လ ၁၂ ရက်နေ့က ရန်ကုန် ယူနိုက်တက် အသင်း၏ အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရတနာပုံ အသင်းက အိမ်ရှင်ရန်ကုန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး ပွဲအပြီးမှာတော့ ယခင်ပွဲစဉ်တွေအတိုင်း နှစ်ဖက်ပရိသတ်များ အချင်းများခဲ့ကြပါတယ်။

အိမ်ရှင် ရန်ကုန်အသင်း အနေနဲ့ ပွဲချိန် ၁၁ မိနစ်တွင် တိုက်စစ်မှူး ကျော်ကိုကိုက ဦးဆောင်ဂိုးသွင်း ယူနိုင်ခဲ့ပေမယ့်လည်း ရတနာပုံ အသင်း၏ ကွင်းလယ်ကစားသမား လှိုင်းဘိုဘို၏ ခြေပဂိုးနှင့် အနိုင်ဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရသောကြောင့် ရှုံးပွဲကြုံတွေ့ခဲ့သည်။

အခုပွဲအနိုင် ရရှိခဲ့သည့် ရတနာပုံအသင်း အနေနဲ့ ပွဲစဉ် ၁၃  ပြီးအထိ ဇယားထိပ်ဆုံးတွင် ရှုံးပွဲမရှိဖြင့် ဦးဆောင်နေခဲ့ပြီး ဒုတိယ နေရာမှ ရန်ကုန် ယူနိုက်တက် အသင်းအား ၁၃ မှတ်အထိ အမှတ်ဖြတ်ထားနိုင်ခဲ့သည်။