Live Score

 

အူရီဒူး မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ အပတ်စဉ် ၁၄ ပွဲစဉ်များအပြီး အမှတ်ပေးဇယား ရပ်တည်မှု၌ ထိပ်ဆုံးတွင် ရတနာပုံအသင်း ဆက်လက်ဦးဆောင်

အူရီဒူး မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ Week ၁၄ပွဲစဉ်များကို ဇွန် ၁၈ မှ ၁၉ ရက်နေ့အထိ ရန်ကုန် အပါအ၀င် မုံရွာနှင့် တောင်ငူမြို့များတွင် ကျင်းပခဲ့ပြီး အဆိုပါပွဲစဉ်အပြီး အမှတ်ပေးဇယား ရပ်တည်မှု၌ ထိပ်ဆုံးတွင် ရတနာပုံအသင်း ဆက်လက်ဦးဆောင်နေကြောင်း သိရသည်။


ထို့ပြင် ဇွန် ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်အပါအ၀င် တောင်ကြီးနှင့် တောင်ငူမြို့များတွင် ကျင်းပသွားခဲ့သည့် Week ၁၅ ပွဲစဉ်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသော အသင်းများဖြစ်သည့် ရန်ကုန် ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်နှင့် ဇေယျာရွှေမြေအသင်းတို့ ထိပ်တိုက်တွေ့ဆုံ ကစားသည့် ပွဲစဉ်များတွင် ပရိသတ် အထူးစိတ်ဝင်စားလျက် ရှိခဲ့သည်။

ထို့ပြင် အူရီဒူး အနေဖြင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်၍ Title Sponser အဖြစ် ပံ့ပိုးပေးလျက်ရှိပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ တရားဝင်မိတ်ဖက် အဖွဲ့အစည်းအဖြစ် အဆိုပါ ပွဲစဉ်များတွင် လက်ဆောင်ပေးခြင်း၊ ခန့်မှန်းကံစမ်းမဲပြိုင်ပွဲများ စီစဉ်ပေးခြင်းတို့ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးလျက်ရှိကြောင်း သိရသည်။