Live Score

 

“ကျွန်တော် အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်ခြင်း၊သစ္စာမဲ့ခြင်း မဟုတ်ပါဘူး” - ကောင်းဆက်နိုင်

“ကျွန်တော် အခုဖြစ်နေတဲ့ ပြဿနာအရှုပ်အရှင်းကို ပထမတော့ မဖြေရှင်းဘဲထားလိုက်တော့မလို့ပါ။ ဒါပေမဲ့ မဖြေရှင်းဘဲ ငြိမ်နေလိုက်ရင် ကျွန်တော် အမှားလုပ်တယ်ထင်မယ်။

Read more: “ကျွန်တော် အိမ်ထောင်ရှိရက်နဲ့ ဖောက်ပြန်ခြင်း၊သစ္စာမဲ့ခြင်း မဟုတ်ပါဘူး” - ကောင်းဆက်နိုင်

အာရှယူ-၁၉ပွဲပရိတ်သတ် အချို့၏ အပြုအမူကြောင့် ဒဏ်ကြေးနှင့်ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရ

ပြီးခဲ့သည့်လက ကျင်းပပြီးစီးခဲ့သော အာရှယူ ၁၉ နောက်ဆုံး ပွဲစဉ်ဖြစ်သော ဗီယက်နမ်အသင်းနှင့် ပွဲစဉ်တွင် မြန်မာပရိတ်သတ် အချို့၏ အပြုအမူများကြောင့် AFCမှ ဒဏ်ကြေးငွေ ဒေါ်လာ ၂၅၅၀၀နှင့် ပရိတ်သတ် မပါပဲ ကွင်းပိတ်ပွဲ တစ်ပွဲ ကစားရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

Read more: အာရှယူ-၁၉ပွဲပရိတ်သတ် အချို့၏ အပြုအမူကြောင့် ဒဏ်ကြေးနှင့်ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရ

မြန်မာ့လက်ရွေးစင် နည်းပြချုပ်အား သုံးလစာ လျော်ကြေးပေးပြီး အလုပ်မှ ထုတ်ပယ်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံတကာ ပြိုင်ပွဲများတွင် မျက်နှာပန်းမလှ ဖြစ်နေသော မြန်မာ့လက်ရွေးစင် နည်းပြချုပ် အေဗရာမိုဗစ်အား ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ မြန်မာ့လက်ရွေးစင် နည်းပြချုပ် ဆားဘီးယားလူမျိုး မိုဗစ်နေရာတွင် မြန်မာ ယူ-၂၀ နည်းပြချုပ် ဂျာမနီလူမျိုး ဂတ်ဖရိုင်းဒရစ်အား အစားထိုး ခန့်အပ်လိုက်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။


မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် နည်းပြချုပ် မိုဗစ် လက်ထက်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မှု မရဘဲ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန် အသင်းများကို အရှုံးပေးခဲ့ရပြီး လာအိုတစ်သင်းတည်းကိုသာ (၁)ပွဲ သရေ၊ (၁) ပွဲအနိုင်သာ ကစားနိုင်ခဲ့သည်။

ထို့အပြင် မြန်မာ့လက်ရွေးစင် အသင်း၏ ခြေစွမ်းမှာလည်း ပရိသတ် စိတ်ပျက်ခဲ့ရသလို ကစားသမားများ ကြားတွင်လည်း နိုင်လိုစိတ် ပျောက်ဆုံးနေခဲ့သည်။ မိုဗစ် လက်ထက်တွင် ထိပ်တန်း တိုက်စစ်မှူးများ ဖြစ်သည့် ကျော်ကိုကိုမှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့ပြီး တိုက်စစ်မှူး ကြည်လင်းမှာလည်း လူမှုရေး ပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာဘောလုံး အဖွဲ့ချုပ်မှ မိုဗစ်ကို ၂၀၁၆ အထိ စာချုပ်ထားပြီး ယခု (၃)လစာ လျော်ကြေးပေး၍ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ လျော်ကြေးငွေ ပမာဏကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။ မိုဗစ်နေရာတွင် အစားထိုး ခန့်အပ်ခဲ့သော ဂျာမနီလူမျိုး ဂတ်ဖရိုင်းဒရစ်သည် မြန်မာ ယူ-၁၉ အသင်းအား ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ၀င်ခွင့်ရရှိစေရန် စွမ်းဆောင်ပေးခဲ့ပြီး လက်ရှိ မြန်မာ (ယူ-၂၀)အသင်းကို ကိုင်တွယ်နေသူ ဖြစ်သည်။

မြန်မာဘောလုံး အဖွဲ့ချုပ်ကို ယခုလအတွင်းက အသစ်ပြန်လည် ဖွဲ့စည်းခဲ့သော်လည်း (၁၀) နှစ်ကြာ ဥက္ကဋ္ဌ တာဝန် ယူခဲ့သည့် ဦးဇော်ဇော်ပင် ပြန်လည် ရွေးချယ်ခံခဲ့ရသည်။ မြန်မာဘောလုံး အဖွဲ့ချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆုပေးပွဲတွင် ပြည်သူလူထု၏ ပြင်းထန်စွာ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသဖြင့် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် အနူးအညွှတ် တောင်းပန်ခဲ့ရသည်။

လာအိုပွဲစဉ်အပြီးတွင် လက်ရွေးစင်အသင်း နည်းပြချုပ် အီဗရာမိုဗစ်၏ အနာဂတ်ကို ဆုံးဖြတ်သွားမည်

မြန်မာ့ လက်ရွေးစင်အသင်း ဘောလုံးနည်းပြချုပ် အီဗရာဟီမိုဗစ်အား ရလဒ်များ ဆိုးရွားနေ၍ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည့် လာအိုအသင်းနှင့် ပွဲစဉ်အပြီးတွင် သူ၏ အနာဂတ်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

Read more: လာအိုပွဲစဉ်အပြီးတွင် လက်ရွေးစင်အသင်း နည်းပြချုပ် အီဗရာမိုဗစ်၏ အနာဂတ်ကို ဆုံးဖြတ်သွားမည်