Live Score

တူရကီတွင် မြန်မာယူ-၂၀ အသင်းခြေစွမ်းပြလျှက်ရှိ

တူရကီနိုင်ငံတွင် ခြေစွမ်းပြလျှက်ရှိသော မြန်မာယူ-၂၀ အသင်းသည် ပထမဦးဆုံး ခြေစမ်းပွဲတွင် တာဂျစ်ကစ္စတန်ကလပ်  Tara 2 အသင်းအား ခြေစွမ်းပြပြီး ၂ ဂိုးစီ သရေကစားခဲ့သလို အဇာဘိုင်ဂျန် ယူ-၂၁ အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရယူခဲ့သည်။ အဇာဘိုင်ဂျန် အသင်းနှင့်ပွဲတွင် ၁ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ရာမှ ပွဲပြီးခါနီး ၁၃ မိနစ်တွင် ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာယူ-၂၀ အသင်းသည် တတိယမြောက် ခြေစမ်းပွဲအဖြစ် အီရန်ယူ-၂၂ အသင်းနှင့် ခြေစမ်း ကစားရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ပြယ်ခဲ့ရသည်။

Read more: တူရကီတွင် မြန်မာယူ-၂၀ အသင်းခြေစွမ်းပြလျှက်ရှိ

ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲ မဲခွဲပွဲသို့ မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် တက်ရောက်မည်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)မှ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် ဦးဆောင်ကာ နယူဇီလန်၌ ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

Read more: ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲ မဲခွဲပွဲသို့ မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ် တက်ရောက်မည်

မြန်မာယူ-၂၀ အသင်း တူရကီနိုင်ငံသို့ ခြေစမ်းပွဲများ ကစားရန် ထွက်ခွာ

နယူဇီလန် ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲသို့ ၀င်ခွင့်ရရှိထားသော အရှေ့တောင် အာရှ၏  တစ်သင်းတည်းသော အသင်းဖြစ်သည့် မြန်မာ ယူ-၂၀ ဘောလုံး အသင်းသည် လေ့ကျင့်မှုများ ပြုလုပ်ရန် ဇန်န၀ါရီလ ၁၇ ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်သည်။

Read more: မြန်မာယူ-၂၀ အသင်း တူရကီနိုင်ငံသို့ ခြေစမ်းပွဲများ ကစားရန် ထွက်ခွာ

မြန်မာနေရှင်နယ်လိဂ် ရာသီအဖွင့်ပွဲစဉ်များ စတင်ကျင်းပ

မြန်မာနေရှင်နယ်လိဂ် ရာသီသစ် MNL 2015 အဖွင့်ပွဲစဉ် နှစ်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကစားရာတွင် သရေရလဒ်များဖြင့်သာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

Read more: မြန်မာနေရှင်နယ်လိဂ် ရာသီအဖွင့်ပွဲစဉ်များ စတင်ကျင်းပ