Live Score

 

2015 MFF Charity Cup ပြိုင်ပွဲ ဧရာဝတီ ယူနိုက်တက်မှ ရတနာပုံ အသင်းအား ၁-၀ ဖြင့် အနိုင်ရပြီး ရာသီအဖွင့် လှပ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၁၅ ဘောလုံးရာသီ အဖွင့် Charity Cup ဘောလုံးပြိုင်ပွဲကို ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ကျင်းပခဲ့ရာ ရှုံးထွက်ချန်ပီယံ ဧရာဝတီ ယူနိုက်တက်က အမှတ်ပေး ချန်ပီယံ ရတနာပုံFCအား ပယ်နယ်တီဂိုးဖြင့် အနိုင်ရပြီး Charity Cupအား ဒုတိယ အကြိမ်မြောက် ဆွတ်ခူးသွားခဲ့သည်။ အမှတ်ပေး ချန်ပီယံ ရတနာပုံ အသင်းတွင် လက်ရွေးစင် လူဟောင်း ကစားသမားများ အပြင် ယခုနှစ်မှ ခေါ်ယူထားသည့် လိုင်ဘေးရီးယား လက်ရွေးစင် ဖိုးဒေး အပါအ၀င် နိုင်ငံခြား အားကစားသမား ၃ ဦး ပါဝင် ကစားခဲ့သော်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပေ။

Read more: 2015 MFF Charity Cup ပြိုင်ပွဲ ဧရာဝတီ ယူနိုက်တက်မှ ရတနာပုံ အသင်းအား ၁-၀ ဖြင့် အနိုင်ရပြီး...

စင်ကာပူ ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင်အသင်း၏ ပွဲစဉ်များကို MRTVမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်

ယခုနှစ်တွင် ကျင်းပမည့် ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အသင်းသည် ကာတာနိုင်ငံ မှတဆင့် ပြိုင်ပွဲကျင်းပရာ စင်ကာပူနိုင်ငံသို့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။

Read more: စင်ကာပူ ဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင်အသင်း၏ ပွဲစဉ်များကို MRTVမှ တိုက်ရိုက်...

ပထမတန်းလူငယ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ဆုပေးပွဲ ကျင်းပနိုင်ခြင်းမရှိ

နိုဝင်ဘာလ ၁၅ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပထမတန်းလူငယ် အမှတ်ပေး ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်တွင် ဒဂုံအသင်းနှင့် မြ၀တီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ယင်းပြိုင်ပွဲသည် ချန်ပီယံဆု အတွက် အဆုံးအဖြတ်ပြိုင်ပွဲ ဖြစ်သောကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။

Read more: ပထမတန်းလူငယ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွင် ဆုပေးပွဲ ကျင်းပနိုင်ခြင်းမရှိ

ခြေစွမ်းမကောင်းသော မြန်မာ့လက်ရွေးစင်အသင်း ပြိုင်ပွဲမပြီးခင် ခြေစစ်ပွဲအောင်မြင်

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌  ကျင်းပလျက်ရှိသော ဆူဇူကီးဖလား ခြေစစ်ပွဲ မပြီးဆုံးခင် အိမ်ရှင် လာအို အသင်းနှင့် မြန်မာအသင်းများမှာ နိုင်ပွဲကိုယ်စီရရှိပြီး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

Read more: ခြေစွမ်းမကောင်းသော မြန်မာ့လက်ရွေးစင်အသင်း ပြိုင်ပွဲမပြီးခင် ခြေစစ်ပွဲအောင်မြင်

၄၃နှစ်ကြာ စောင့်စားခဲ့ရသော မြန်မာ့ဘောလုံးအောင်ပွဲတွင် ဂျာမန်လူမျိုးများ အဓိကအခန်းကဏ္ဍမှ ပါဝင်

မြန်မာနိုင်ငံတွင် ကျင်းပလျှက်ရှိသော အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် ကွာတားဖိုင်နယ်၌ မြန်မာလူငယ်အသင်းသည် အာရှထိပ်သီး ယူအေအီး အသင်းအား ၁-၀ ဖြင့် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်သွားခဲ့သည်။

Read more: ၄၃နှစ်ကြာ စောင့်စားခဲ့ရသော မြန်မာ့ဘောလုံးအောင်ပွဲတွင် ဂျာမန်လူမျိုးများ အဓိကအခန်းကဏ္ဍမှ ပါဝင်