Live Score

 

AFC U-19 ပွဲစဉ်လုံခြုံရေးများ တင်းကျပ်စွာ ချထားသော်လည်း လက်ကမ်းကြော်ငြာများကို လက်မှတ်များသဖွယ် အသုံးပြု၍ ၀င်ရောက်မှုများရှိနေ

မြန်မာနိုင်ငံတွင် လက်ခံကျင်းပလျက်ရှိသော AFC Championship U-19 ပွဲစဉ်တွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားရကြောင်းနှင့် လက်မှတ်အတုများဖြင့် ၀င်ရောက်နေမှုများလည်း ရှိနေကြောင်း သိရသည်။

Read more: AFC U-19 ပွဲစဉ်လုံခြုံရေးများ တင်းကျပ်စွာ ချထားသော်လည်း လက်ကမ်းကြော်ငြာများကို လက်မှတ်များသဖွယ်...

ပြည်သူချစ်သော မြန်မာယူ-၁၉ အသင်း အောင်သူ၏ တစ္ဆေဂိုး အပါအ၀င် ထိုင်းကို ၃ဂိုးပြတ်ဖြင့် အနိုင်ယူ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ယူ-၁၉ အာရှချန်ပီယံအုပ်စု ပြိုင်ပွဲများကို ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် ဆက်တိုက် ကျင်းပလျက်ရှိသည်။ စနေနေ့က သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့သည့် အုပ်စု(က) ပြိုင်ပွဲများ၌ ယီမင်အသင်းက အီရန်အား (၁-၀)ဖြင့် အနိုင်ယူခဲ့သလို အိမ်ရှင်မြန်မာကလည်း ဒေသတွင်း ပြိုင်ဘက် ထိုင်းအသင်းကို (၃-၀)ဖြင့် ဂိုးပြတ်ခြေပြတ် အနိုင် ရရှိခဲ့သည်။

Read more: ပြည်သူချစ်သော မြန်မာယူ-၁၉ အသင်း အောင်သူ၏ တစ္ဆေဂိုး အပါအ၀င် ထိုင်းကို ၃ဂိုးပြတ်ဖြင့် အနိုင်ယူ

ပြည်သူချစ်သော မြန်မာယူ-၁၉ အသင်း ထိုင်းအသင်းကို ၈-၁ ဂိုးဖြင့် ရှုံးနိမ့်

၂၀၁၄ ဘရူနိုင်းဘုရင့်ဖလား ပူပူနွေးနွေး ချန်ပီယံ မြန်မာယူ-၁၉ အသင်းသည် သြဂုတ်လ ၃၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ထိုင်းယူ-၂၃ အသင်းနှင့် ခြေစမ်းကစားသည့် ချစ်ကြည်ရေးပွဲတွင် ၈-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရှိရသည်။

Read more: ပြည်သူချစ်သော မြန်မာယူ-၁၉ အသင်း ထိုင်းအသင်းကို ၈-၁ ဂိုးဖြင့် ရှုံးနိမ့်

အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ မြန်မာနှင့်ဗီယက်နမ် တစ်ဂိုးစီသရေကျ ဂိုးကွာခြားချက်ဖြင့် ဗီယက်နမ် ဗိုလ်လုပွဲတက်

ထိုင်းနိုင်ငံတွင် ကျင်းပလျှက်ရှိသည့် အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်များကို တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားရာ မြန်မာအမျိုးသမီးက ဗီယက်နမ်နှင့် ၁ ဂိုးစီ သရေကျပြီး ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဗိုလ်လုပွဲကို လွဲချော်ခဲ့သည်။

Read more: အာဆီယံ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ မြန်မာနှင့်ဗီယက်နမ် တစ်ဂိုးစီသရေကျ ဂိုးကွာခြားချက်ဖြင့် ဗီယက်နမ်...

ပြည်သူချစ်သော ချန်ပီယံ မြန်မာယူ၁၉ အသင်း ရန်ကုန်မြို့တွင်း လှည့်လည်အောင်ပွဲခံ

ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို သြဂုတ်လ ၂၃ရက်နေ့က ကျင်းပခဲ့ရာ မြန်မာ ယူ-၁၉ အသင်းက ဗီယက်နမ် ယူ-၂၁ အသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့သည်။

မြန်မာအသင်းမှာ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံး အသင်း အဖြစ် ရပ်တည်ခဲ့ပြီး စုစုပေါင်း ၆ ပွဲကစားခဲ့ရာ တစ်ပွဲပျမ်းမျှ သွင်းဂိုး ၃ ဂိုးအထိ ရှိခဲ့သည်။ ဗိုလ်လုပွဲတွင် ပထမပိုင်း၌ မြန်မာအသင်း တိုက်စစ် ခြေမပေါ်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ခြေစွမ်းပြ ဂိုးသွင်းနိုင်၍ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းမှာ မြန်မာဘောလုံး အကယ်ဒမီများနှင့် မြန်မာ နေရှင်နယ်လိဂ် ကလပ် အသင်းများမှ မွေးထုတ် ပေးလိုက်သော ကစားသမားများ ဖြစ်ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်နှင့် နေပြည်တော်၌ လက်ခံကျင်းပမည့် AFC U-19 Championship 2014 Myanmar ပြိုင်ပွဲအတွက် ရည်ရွယ် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

မြန်မာ ဘောလုံးအသင်းများ အနက် သက်တမ်းအလိုက် ဒေသတွင်း ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ရာတွင် ၂၀၀၇ ခုနှစ် မာဒေးကားပြိုင်ပွဲ ဗိုလ်စွဲပြီးနောက် မြန်မာဘောလုံး အသင်းမှာ ချန်ပီယံဆုများနှင့် ဝေးကွာခဲ့ရသည်။ အထူးသဖြင့် ၂၀၁၃ခုနှစ် အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း ဗိုလ်စွဲရန် မျှော်လင့်ခဲ့သော်လည်း ချန်ပီယံများဖြစ်သည့် ထိုင်းအသင်းကို သရေကစားကာ အင်ဒိုနီးရှားအား ရှုံးနိမ့်၍ အုပ်စုမှ ထွက်ခဲ့ရသည်။

ယခု ဘရူနိုင်းဘုရင့် ဖလားပြိုင်ပွဲ အကြို ဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲအား မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပေးခဲ့ပြီး ပြည်သူလူထု၏ တစ်ခဲနက် အားပေးခြင်းကို ခံခဲ့ရသည်။ မြန်မာ လူငယ်အသင်းသည် တနင်္ဂနွေနေ့ညနေက ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာပြီး ရန်ကုန်မြို့တွင်း၌ လှည့်လည် အောင်ပွဲခံခဲ့သည်။

မြန်မာလူငယ် အသင်းသည် ၂၀၀၅ နှင့် ၂၀၀၇ ခုနှစ်များတွင် ယခုပြိုင်ပွဲ၌ ဒုတိယနှစ်ကြိမ် ရရှိခဲ့ပြီး ၂၀၀၂ နှင့် ၂၀၁၂ ခုနှစ်တို့တွင် ပူးတွဲ တတိယ နှစ်ကြိမ်ရရှိခဲ့သော အသင်းဖြစ်သည်။