Live Score

 

ယခုနှစ်ကုန်ထိ အနားယူရမည့် ဟန်တယ်လာ

ရှော်ကေးအသင်း တိုက်စစ်မှူး ဟန်တယ်လာသည် ယခုနှစ်ကုန်ပိုင်းထိ ပြန်လည် ကစားရန် ဖြစ်နိုင်တော့ကြောင်း နည်းပြ ကယ်လ်လာမှ အတည်ပြု ပြောကြားခဲ့သည်။

အသက် (၃၀) အရွယ်ရှိ ဟန်တယ်လာသည် ဒူးဒဏ်ရာ ရရှိနေပြီး ၎င်းဒဏ်ရာအား ခွဲစိတ်ကုသခြင်း ပြုမည်မပြုမည်ကို ဆုံးဖြတ်ရခြင်း မရှိသေးသော်လည်း ယခုနှစ်အတွင်း ဘောလုံးပြန်လည် ကစားရန် မဖြစ်နိုင်ဟု နည်းပြ ကယ်လ်လာမှ အတည်ပြု ပြောကြားခဲ့သည်။

“သူခရစ်စမတ်ထိ ဘောလုံးပြန် ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ ခွဲပြီး ကုသမယ် မကုသဘူးဆိုတာ သူ့သဘောပါ။ သူခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့လည်း ပြဿနာမရှိပါဘူး”ဟု ကယ်လ်လာမှ ပြောကြားခဲ့သည်။ ရှော်ကေး အသင်းသည် လိဂ်ပွဲစဉ် (၈)ပွဲ ကစားပြီးချိန်တွင် အဆင့်(၈)နေရာ၌ ရပ်တည်နေသည်။