Live Score

 

လေဗာကူဆင်အား အနိုင်ရရှိရန် ရုန်းကန်ရမည်ဟု ကလော့ပ်ဖွင့်ဟ

လေဗာကူဆင် အသင်းနှင့် ကစားရမည့် ဘွန်းဒက်စ်လီဂါ ပွဲစဉ်တွင် အနိုင်ရရှိရန်အတွက် အသင်း၏ အကောင်းဆုံး ခြေစွမ်းကို ထုတ်ပြနိုင်မှဖြစ်လိမ့်မည်ဟု ဒေါ့မွန်နည်းပြ ကလော့ပ်မှ ဖွင့်ဟပြောဆိုခဲ့သည်။

နောက်ဆုံးကစားခဲ့သည့် လိဂ်ပွဲစဉ် (၃)ပွဲတွင် (၁)ပွဲသာ အနိုင်ရရှိခဲ့သည့် ဒေါ့မွန်အသင်းသည် စနေနေ့တွင် ကစားရမည့် လေဗာကူဆင်နှင့် ပွဲစဉ်တွင် အနိုင်ရလာဒ်ကို ရယူနိုင်ခဲ့ပါက အမှတ်ပေး ဇယား၏ ဒုတိယနေရာသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ ဒေါ့မွန် အသင်း၏ နည်းပြကလော့ပ်မှ နောက်ဆုံး ကစားခဲ့သည့် လိဂ်ပွဲစဉ် (၁၀)ပွဲတွင် ရှုံးပွဲတစ်ပွဲသာ ရှိထားသည့် လေဗာကူဆင် အသင်းအား ရင်ဆိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်းနှင့် အသင်း၏ အကောင်းဆုံး ပုံစံကို ပိုင်ဆိုင်ထားမှ ဖြစ်မည်ဟု ဖွင့်ဟ၀န်ခံခဲ့သည်။

“ရာသီတိုင်းမှာ လေဗာကူဆင်နဲ့ ကစားရတဲ့ ပွဲစဉ်တိုင်းက အမှတ်တရပွဲစဉ်တွေပါပဲ။ လေဗာကူဆင်ကို အနိုင်ရခြင်းက အထူးလက်ဆောင် တစ်ခုပါပဲ”ဟု ကလော့ပ်မှ ပြောကြားခဲ့သည်။ ဒေါ့မွန်အသင်းသည် ယမန်နှစ်ရာသီက လေဗာကူဆင် အသင်းအား နှစ်ကျော့စလုံး အနိုင်ရရှိခဲ့ပြီး နှစ်ပွဲပေါင်း သွင်းဂိုး(၆)ဂိုးထိ ရယူနိုင်ခဲ့သည်။