Live Score

 

ဟမ်းဘတ်နှင့် ပွဲစဉ်တွင် မာကိုရူးစ်ပြန်လည် ပါဝင်လာမည်ဟု ကလော့ပ်ဖွင့်ဟ

ဒေါ့မွန်အသင်း၏ နည်းပြကလော့ပ်သည် ဟမ်းဘတ်အသင်းနှင့် ကစားရမည့် ဘွန်းဒက်စ်လီဂါ ပွဲစဉ်တွင် အသင်း၏ ကြယ်ပွင့် ကစားသမား မာကိုရူးစ် အကောင်းဆုံး ပုံစံဖြင့် ပြန်လာလိမ့်မည်ဟု မျှော်လင့်နေကြောင်း သိရသည်။

ယခုလအစောပိုင်းက ကစားခဲ့သည့် ၀ါဒါဘရီမင်နှင့် ပွဲစဉ်တွင် ကြွက်သားဒဏ်ရာ ရရှိခဲ့သည့် မာကိုရူးစ်သည် ဒေါ့မွန်အသင်း၏ နောက်ဆုံး ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့သော်လည်း စနေနေ့တွင် ကစားရမည့် ဟမ်းဘတ်နှင့် ပွဲတွင်ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေသူဖြစ်သည်။

“မာကိုရူးစ်က လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ရာနှုန်းပြည့် ကစားနေနိုင်ပါပြီ သူ့ကိုကြည့်ရတာ အရမ်းကို ကောင်းနေသလိုပါပဲ။ သူကစားဖို့ အတွက် အဆင့်သင့်ဖြစ်နေပါပြီ”ဟု ကလော့ပ်မှ သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ကလော့ပ်မှ ဆက်လက်ပြီး (၇)ပွဲဆက်တိုက် ရှုံးပွဲတွေ့ကြုံခဲ့ပြီး နည်းပြသစ် ခန့်အပ်ထားခဲ့သည့် ဟမ်းဘတ်အသင်းကို အထင်သေး၍ မရကြောင်းနှင့် ၎င်းတို့အသင်းမှာ နည်းပြသစ် လက်ထက်တွင် အကောင်းဆုံး ပုံစံကိုပြန်လည် ရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။