Live Score

 

ရှော်ကေးနှင့် ပွဲတွင်ရှုံးပွဲတွေ့နိုင်သည်ဟု ဘိုင်ယန် ဂိုးသမားနူအာသတိပေး

ရှော်ကေးနှင့် ကစားရမည့် ပွဲစဉ်တွင် မိမိတို့၏ အကောင်းဆုံး ပုံစံတွင် ရှိမနေပါက ရှုံးနိမ့်နိုင်ကြောင်း ဘိုင်ယန်မြူနစ် ဂိုးသမား နူအာမှ ဖွင့်ဟပြောဆိုခဲ့သည်။

ဘိုင်ယန်မြူနစ် အသင်းသည် ယခုနှစ်ရာသီတွင် ရှုံးပွဲမရှိပဲ အိမ်ကွင်းပွဲစဉ် အားလုံးကို အနိုင်ရရှိထားသည့် အသင်းဖြစ်သော်လည်း နူအာကမူ ၎င်း၏အသင်းဟောင်း ရှော်ကေးအသင်းအား အကောင်းဆုံး ပုံစံဖြင့် ရင်ဆိုင်နိုင်ခြင်း မရှိပါက နာကျင်ခံစားရလိမ့်မည်ဟု သတိပေးပြောဆိုခဲ့သည်။

နူအာမှ ရှော်ကေးအသင်းသည် ခံစစ်ကစားဟန်ဖြင့် ကစားမည် မဟုတ်ပဲ ၎င်းတို့၏ တိုက်စစ်ဖြင့် အကောင်းဆုံး ပြန်လည်တုံ့ပြန် ကစားလာမည် ဖြစ်သောကြောင့် မိမိတို့ဘက်မှ အကောင်းဆုံး ခြေစွမ်းတွင် ရှိနေရမည်ဟု အသင်းဖော်များအား သတိပေး ပြောဆိုခဲ့သည်။