Live Score

 

ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့နည်းပြမည်ဆိုသော သတင်းများကို ကလော့ပ်ငြင်းဆို

ဒေါ့မွန်အသင်း နည်းပြ ကလော့ပ်မှ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့လိမ့်မည် မဟုတ်ကြောင်းနှင့် ဒေါ့မွန်အသင်းတွင်သာ ဆက်ရှိနေမည် ဖြစ်ကြောင်း အသင်း ပရိသတ်များကို ကတိပြု ပြောဆိုခဲ့သည်။

ဘာစီလိုနာ အသင်းတွင် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရသည့် နည်းပြ မာတီနို၏ နေရာတွင် ကလော့ပ်နှင့် အစားထိုးရန် လျာထားသည်ဟု သတင်းများ ထွက်ပေါ်နေခြင်း အပေါ် ကလော့ပ်မှ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ ကလော့ပ်မှ “ဘယ်သူမှ စိုးရိမ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ ဒီအသင်းကို ချစ်နေတုန်းပါပဲ ပြီးတော့ ဒီမှာ ဘာတွေလုပ်နေလည်း ဆိုတာ လူတိုင်းသိပါတယ်”ဟု ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့သည်။