Live Score

 

ဘွန်ဒက်လီဂါ ချန်ပီယံသရဖူကို ၂၆ ကြိမ်မြောက်အဖြစ် ဘိုင်ယန်မြူးနစ်ဆွတ်ခူး

ဂျာမန်ဘွန်ဒက်လီဂါ၏ စနေနေ့ပွဲများ ကစားအပြီးတွင်  လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းသည် ရာသီကုန်နောက်ဆုံးပွဲ မကစားမီ အင်ဂိုစတက်အသင်းကို အနိုင်ကစားပြီး ချန်ပီယံဘွဲ့ကို လေးကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့သည်။


ဒုတိယနေရာတွင်ရှိသော ဒေါ့မွန်အသင်းသည် ဖရန့်ဖတ်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့သည့်အတွက် ရှစ်မှတ်အကွာဖြင့် ဘိုင်ယန်အသင်း ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်အသင်း၏ စပိန်နည်းပြ ဂွာဒီယိုလာသည် အသင်းသား များနှင့်အတူ ပွဲအပြီးတွင် ပြုံးရွှင်စွာဖြင့် အောင်ပွဲခံခဲ့သည်။ ဘိုင်ယန်အသင်းသည် ဂွာဒီယိုလာလက်ထက်တွင် လိဂ်ပွဲ ၁၀၁ပွဲတွင် ၈၁ပွဲ အနိုင်ရလဒ်ရရှိခဲ့သည်။

ဘာစီလိုနာ နည်းပြဟောင်းနှင့် စပိန်လက်ရွေးစင်ဟောင်း အသက် ၄၅နှစ်ရှိ ဂွာဒီယိုလာသည် ဘိုင်ယန်မြူးနစ်တွင် သုံးနှစ်နည်းပြသက်တမ်း၌ ချန်ပီယံသရဖူကို သုံးကြိမ်ဆွတ်ခူးခဲ့သည်။