Live Score

 

ဒေါ့မွန်တိုက်စစ်မှူးမာကိုရူးဇ် ဘင်ဖီကာနှင့် ချန်ပီယံလိဂ်ပွဲအထိ ကစားနိုင်မည်မဟုတ်

ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး မာကိုရူးဇ်သည် ပေါင်ဒဏ်ရာကြောင့် ဧပြီအထိ အနားယူရမည်ဖြစ်ကြောင်း ဒေါ့မွန်အသင်းက အတည်ပြုကြေညာသ ဖြင့် ၎င်းသည် ဘင်ဖီကာနှင့် ချန်ပီယံလိဂ်နောက်ဆုံး ၁၆ သင်းအ ဆင့် ဒုတိယအကျော့ပွဲနှင့် လွဲချော် မည် ဖြစ်သည်။


စနေနေ့က လေဗာကူဆင် နှင့် ဘွန်ဒက်စ်လီဂါပွဲတွင် ပွဲ ကစားချိန် ၄၃ မိနစ်၌ လူစားလဲ ထွက်ခွာခဲ့ရသော မာကိုရူးဇ် (၁၇)နှစ်သည် အနည်းဆုံးတစ်လအထိ အနားယူရမည်ဟု ဒေါ့မွန်အသင်း က အတည်ပြုသည်။

မာကိုရူးဇ်သည် ဘယ်ဘက် ပေါင်တွင် ကြွက်သားစုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာကြောင့် ယခု ရာသီ၏ အစောပိုင်းပွဲစဉ်များကို လွဲချော်ခဲ့သည်။

၎င်းသည် ဒေါ့မွန်အတွက် ၁၁ ပွဲသာ ကစားနိုင်ခဲ့ပြီး ဖလားစိန်ခေါ်မှု၌ ကူညီနိုင်ခြင်းမရှိခဲ့ဘဲ ဒေါ့မွန်သည် ထိပ်ဆုံးမှ ဘိုင်ယန် ထက် ၁၃ မှတ်လျော့နေကာ ၁၁ပွဲသာ ကစားရန် ကျန်တော့သည်။

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က နည်းပြ သောမတ်စ်တူချယ်လ်၏ ဒေါ့ မွန်သည် တစ်လုံးတည်းသာ သွင်း ဂိုးဖြင့် ချန်ပီယံလိဂ်နောက်ဆုံး ၁၆ သင်းအဆင့်ပထမအကျော့တွင် ဘင်ဖီကာကို ၁-၀ ဂိုးဖြင့် နိုင်ထားသည်။ ‘‘ဒါက၀မ်းနည်းစရာသတင်း ပါ။ သူဟာ သီတင်းပတ်တွေ များ စွာကြာအောင် အဆင့်မြင့်မြင့် ကစားနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန် တော့်အတွက် ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမှုပဲဖြစ်ပါတယ်’’ဟု ဒေါ့မွန် နည်းပြ သောမတ်စ်တူချယ်လ်က ပြောကြားသည်။

သို့သော်ဒေါ့မွန်သည် စနေ နေ့က မာကိုရူးဇ်မပါဝင်ခဲ့သော် လည်း လေဗာကူဆင်ကို ဒမ်ဘီ လီ၊ အော်ဘာမီယန်၊ ပူလစ်ဆစ်၊ရှာရယ်လ်၊ ဂူရာရီယိုတို့၏ သွင်း ဂိုးများဖြင့် ၆-၂ ဂိုးဖြင့် အနိုင်ရခဲ့ သည်။