Live Score

 

ရာသီမကုန်မီ ဘိုင်ယန်မြူးနစ် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်

ဝုဖ်ဘတ်ကို ခြောက်ဂိုး ပြတ်အနိုင်ယူပြီး ဘိုင်ယန်မြူးနစ် သည် ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလို တွင် အမှတ်ပေးချန်ပီယံဆုဖလား ကို ၂၇ ကြိမ်မြောက် သိမ်းပိုက်နိုင် ခဲ့ပြီး ဘွန်ဒက်စ်လီဂါသမိုင်း၌ ငါးကြိမ်ဆက် ပထမဆုံး ဗိုလ်စွဲနိုင် သည့်အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။

 

ဘိုင်ယန်မြူးနစ်သည် ယခု နှစ်ရာသီအတွင်း ကစားခဲ့သမျှ လိဂ်ပွဲ၌ နှစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ယခု ပွဲမှာ ငါးဂိုးနှင့်အထက် သွင်းယူနိုင် ခဲ့သော ပဉ္စမမြောက်နိုင်ပွဲဖြစ် သည်။

အသင်းခေါင်းဆောင် ဖိလစ် လမ်းသည် ဘိုင်ယန်နှင့်အတူ အမှတ်ပေးချန်ပီယံဆုကို ကိုး ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သဖြင့် ဂိုးသမားဟောင်း အိုလီဗာခန်း၊ ရှော်လ်နှင့် ရှဝိန်းစတိန်ဂါတို့ထက် တစ်ကြိမ် အသာစီးရခဲ့သည်။

ထို့အတူ နည်းပြအန်ဆယ် လော့တီသည် အေစီမီလန်၊ ချယ်လ်ဆီး၊ ပီအက်စ်ဂျီတို့နှင့်အ တူ မတူညီသော အမှတ်ပေး ဆု ဖလားများကို ဆွတ်ခူးခဲ့ပြီး ယခု အခါ ဘိုင်ယန်နှင့် ဆုဖလား ထပ်မံရရှိခဲ့သဖြင့် ဥရောပ၏ ကြီး ငါးကြီးစာရင်းဝင် ထိပ်တန်းလိဂ် လေးခု၌ ဗိုလ်စွဲခဲ့ဖူးသည့် ပထမ ဆုံးနည်းပြဖြစ်လာသည်။

ပထမဆုံးရရှိခဲ့သည့် ဘွန် ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆု သည် ၎င်းအတွက် ကောင်းမွန် သော အတွေ့အကြုံဖြစ်ကြောင်း အန်ဆယ်လော့တီက ပြောကြား ခဲ့ပြီး ဘိုင်ယန်အသင်းကို ကျေးဇူး တင်ကြောင်း ပြောသည်။

‘‘ရာသီတစ်လျှောက်လုံး ကျွန်တော်တို့ကို အားပေးထောက် ခံခဲ့တဲ့ ပရိသတ်တွေနဲ့၊ ဒီထူးချွန် ကစားသမားတွေနဲ့အတူရှိခွင့်ရ တာ ကံကောင်းပါတယ်။ ကျွန် တော်တို့ သရဖူနဲ့ ထိုက်တန်ပါ တယ်’’ဟု အန်ဆယ်လော့တီက ပြောသည်။

ဝုဖ်ဘတ်သည် ယခုပွဲရှုံးနိမ့် ခြင်းကြောင့် အဆင့် (၁၈)မှ အော့စ်ဘတ်နှင့် တစ်မှတ်သာ ကွာဟတော့သဖြင့် တန်းဆင်းဇုန် အန္တရာယ်နှင့် ပိုမိုနီးကပ်သွား သည်။ အခြားပွဲများတွင် ၀ါဒါဘရီ မင်က ဟာသာဘာလင်ကို ၂-၀ ဂိုး၊ မိုချန်ဂလာဘတ်က မိန့်ဇ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရပြီး ဒေါ့မွန်နှင့် ကိုလုန်း၊ လိုက်ပ်ဇစ်နှင့် အင်ဂို စတက်ဒ်တို့ ဂိုးမရှိသရေကျခဲ့ သည်။