Live Score

 

လက်ရှိ ဘိုင်ယန်ကစားသမား အစုအဖွဲ့ကို ကျေနပ်ကြောင်း နည်းပြအန်ဆယ်လော့တီ ပြောကြား

စင်ကာပူ- ဘိုင်ယန်မြူးနစ်နည်း ပြ အန်ဆယ်လော့တီသည် နောက်ထပ်ကစားသမားအသစ်များကို မမျှော်လင့်ဘဲ လက်ရှိကစားသ မားအစုအဖွဲ့ဖြင့်သာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်မည်ဟု မျှော်လင့်နေ သည်။

 

အီတလီနည်းပြသည် ပြီးခဲ့ သည့် နှစ်လအတွင်း၊ ပြင်သစ်အသင်းနောက်တန်းလူ တိုလစ်ဆိုနှင့် ကိုလံဘီယာ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အပါအဝင် ကစားသမားအချို့ကို ဖြည့်တင်းခဲ့ပြီး ရာသီမစတင်မီ ကစားသမားများ အပေါ် ကျေနပ်နေသည်။

‘‘ကျွန်တော့်မှာ ရှိနေတဲ့ ကစားသမားတွေနဲ့ စိတ်ကျေနပ် နေပါတယ်။ ကျွန်တော်တို့ ကြီး ကျယ်တဲ့ရာသီရရှိလာမှာပါ’’ဟု ချယ်လ်ဆီးအသင်းကို ၃-၂ ဂိုး ဖြင့် အနိုင်ရပြီးနောက် အာရှခရီး စဉ်အတွက် စင်ကာပူတွင် ရောက်ရှိနေသော အန်ဆယ်လော့တီက ပြောသည်။

ချယ်လ်ဆီးနှင့် ပွဲ၌ ကစားပုံ ကို ကျေနပ်ကြောင်းနှင့် အထူး သဖြင့် တိုလစ်ဆိုနှင့် ရိုဒရီဂွက်ဇ် တို့၏ ကစားပုံကို ကျေနပ်ပြီး ၎င်း တို့သည် အသင်း၌ နှစ်ပေါင်းများ စွာ ကစားခဲ့သူများကဲ့သို့ အံ့ဝင်ခဲ့ ကြောင်း ဘိုင်ယန်နည်းပြက ပြော သည်။ဘိုင်ယန်မှ ချီလီကွင်းလယ် လူ အာတူရိုဗီဒယ် အင်တာမီလန် သို့ ရောက်ရှိနိုင်သည်ဟူသော သတင်းများကို အန်ဆယ်လော့တီ က ပယ်ချခဲ့ပြီး ပေါ်တူဂီကွင်းလယ် လူ ရီနာတိုဆန်းချက်ဇ်နှင့် ပတ် သက်၍ စောင့်ကြည့်နေသော ဗျူဟာသုံးနေပုံရသည်။

ဘိုင်ယန်၏ အာရှခရီးစဉ် တွင် အာဆင်နယ်ကို ပင်နယ်တီ၌ ရှုံးနိမ့်ပြီးနောက် အေစီမီလန် ကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့ သော် ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးနှင့် ပွဲတွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာရှတွင် ခက်ခဲသော အ ခြေအနေများအောက်၌ လေ့ ကျင့်၊ ကစားခဲ့ရပြီး ရော်ဘင်နှင့် ဘိုတန်ကဲ့သို့ ကစားသမားများ မပါခြင်းကြောင့် ခက်ခဲသော် လည်း ဂျာမနီသို့ ပြန်ရောက်ချိန် ၌ ပိုမိုတိုးတက်လာမည်ဟု အန်ဆယ်လော့တီက ပြောသည်။

ဘိုင်ယန်မြူးနစ်သည် သြဂုတ် ၅ ရက်တွင် ဂျာမန်ဖလား ချန်ပီယံ ဒေါ့မွန်နှင့် စူပါဖလားပွဲ ကစားမည်ဖြစ်သည်။