Live Score

 

ရီးရဲလ်အသင်း၏ ချန်ပီယံလိဂ် အမြန်ဆုံးဂိုးသွင်းရှင် ဖြစ်လာခဲ့သည့် ဂါရတ်ဘေးလ်

လီဂီယာဝါဆော အသင်းနှင့် ပွဲစဉ်တွင် စီရော်နယ်လ်ဒို၏ ဖန်တီးမှုမှ တစ်ဆင့် အဖွင့်ဂိုး သွင်းယူခဲ့သည့် ဂါရတ်ဘေးမှာ ရီးရဲလ် အသင်း၏ အမြန်ဆုံး ချန်ပီယံလိဂ်ဂိုး သွင်းယူနိုင်ခဲ့သည့် ကစားသမား ဖြစ်လာခဲ့သည်။

ဘေးလ်သည် ၀ါဆော အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် အဖွင့်ဂိုးကို (၅၇) စက္ကန့်မှာပင် သွင်းယူနိုင်ခဲ့ပြီး အဆိုပါ သွင်းဂိုးမှာ ရီးရဲလ်အသင်း၏ ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျောက် အမြန်ဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့သည်။