Live Score

 

စပို့တင်းနှင့်ပွဲတွင် အနည်းဆုံးတစ်မှတ်ရမှသာ ရီးရဲလ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်ရန် သေချာမည်

ဗုဒ္ဓဟူးနေ့နံနက်အ စောယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် ပွဲစဉ်များတွင် ရီးရဲလ်အနေဖြင့် စပို့တင်းထံမှ အနည်းဆုံးသရေ တစ်မှတ်ရရန် လိုအပ်နေပြီး ဆီဗီ လာနှင့် ဂျူဗင်တပ်တို့ ပွဲသည် အုပ်စုဗိုလ်နေရာအတွက် စိန်ခေါ်ပွဲ တစ်ခုဖြစ်နေသည်။



ရီးရဲလ်နည်းပြ ဇီဒန်းသည် စပို့တင်းနှင့် ပွဲအတွက် အက်သ လက်တီကိုကို ဂိုးပြတ်နိုင်ခဲ့သော ပွဲတွင် အသုံးပြုခဲ့သည့် လူစာရင်း အတိုင်း အပြောင်းအလဲမရှိ ရွေး ချယ်ထားသည်။ အုပ်စု (F) တွင် ရမှတ် ရှစ်မှတ်ဖြင့် ထိပ်ဆုံး၌ရှိနေသော ဒေါ့မွန်ထက် နှစ်မှတ်လျော့နေသော ရီးရဲလ်အနေဖြင့် စပို့တင်းနှင့်ပွဲ၌ အနည်းဆုံးတစ်မှတရမှသာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့် သေချာ မည်ဖြစ်သည်။

ထိုအတောအတွင်း ဆီဗီ လာကွင်းလယ်လူ ဖရန်ကိုဗက်စ် ကွက်ဇ်က စီးရီးအေချန်ပီယံ ဂျူ ဗင်တပ်နှင့် ရင်ဆိုင်ရမည့်ပွဲသည် ၎င်းတို့အတွက် ခက်ခဲသောပွဲတစ် ပွဲဖြစ်လာမည်ဟု ပြောကြား သည်။ လက်ရှိတွင် ဆီဗီလာသည် လေးပွဲ၌ ၁၀ မှတ်ဖြင့် အုပ်စု (H) ကို ဦးဆောင်ထားပြီး ဂျူဗင်တပ် က နှစ်မှတ်လျော့ဖြင့် ဒုတိယနေ ရာတွင် ရှိနေသည်။ ဗက်စ်ကွက်ဇ်  က ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာကို ဆီဗီလာသို့ ပြောင်းရွှေ့ ကစားရန် ဖိတ်ခေါ်ထားသည်။

အုပ်စု (G) ပွဲစဉ်တွင် ပရီးမီး ယားလိဂ်ချန်ပီယံလက်စတာ သည် ဘရက်ဂ်အသင်းကို လက် ခံကစားရမည်ဖြစ်ပြီး လက်ကျန် နှစ်ပွဲမှ တစ်မှတ်ရရုံဖြင့် နောက် တစ်ဆင့်တက်နိုင်သော်လည်း  နည်းပြ ရာနီရေရီက ၎င်းအနေဖြင့် ထိပ်ဆုံးနေရာကို ဆက်ထိန်း ရန် ကြိုးပမ်းသွားမည်ဟု ပြော ကြားသည်။

အုပ်စု (E)တွင် လေးပွဲ၌ ရမှတ်လေးမှတ်ဖြင့် မိုနာကိုနှင့် လေဗာကူဆင်တို့ နောက်တတိ ယနေရာတွင် ရောက်ရှိနေသော စပါးက အိမ်ရှင်မိုနာကိုကို အနိုင်ယူပြီး နောက်ဆုံး CSKA နှင့်ပွဲကိုလည်း နိုင်မှသာ နောက်တစ်ဆင့်သို့ တက်ရေးမျှော်လင့်ချက်အ သက်ဝင်လာနိုင်မည်ဖြစ်သည်။

‘‘မိုနာကိုနဲ့ပွဲက နိုင်မှဖြစ် မယ့် ပွဲတစ်ပွဲပါ’’ဟု စပါးတိုက် စစ်မှူး ဟယ်ရီကိန်းက ပြောကြား သည်။ စပါးနည်းပြ ပိုချက်တီနို က ‘‘မိုနာကိုနဲ့ပွဲကို ကျွန်တော်တို့အနိုင်ရမှ ဖြစ်မှာပါ။ မိုနာကိုကိုသွားရင်ဆိုင်ပြီး အနိုင်ရနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိဖို့ လိုပါ တယ်’’ဟု ပြောကြားသည်။