Live Score

 

ချန်ပီယံလိဂ်တွင် မန်စီးတီးနှင့် အက်သလက်တီကို နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်း

ယမန်နေ့က ကစားခဲ့ သော ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပွဲစဉ်တွင် ၁၁ မိနစ်အတွင်း သွင်း ဂိုးသုံးဂိုးနှင့်အတူ မန်စီးတီးသည် မိုနာကိုကို ၅-၃ ဂိုးဖြင့် အနိုင်ယူ ပြီးနောက်တစ်ဆင့်တက်ရန် အ ခြေအနေကောင်းခဲ့သည်။ ရှုံး ထွက်ပွဲစဉ်ဖြစ်သည်နှင့်အညီ အ ကြိတ် အနယ်ကစားခဲ့ခြင်းကြောင့် အ၀ါကတ်ပြသခံရသူ စုစုပေါင်း ၁၀ ဦးအထိရှိခဲ့ပြီး ဧည့်သည် မိုနာ ကိုမှ ကစားသမားခြောက်ဦးအ၀ါကတ်ထိခဲ့သည်။

 

စတာလင်၏ အဖွင့်ဂိုးကို ဖယ်ကာအိုက ချေပခဲ့ပြီး မိုနာကို မှ လော်တင်၏ ဒုတိယဂိုးကို အဂူရိုက ပြန်လည်ချေပခဲ့သည်။ သို့သော် ချေပဂိုးသွင်းပြီး မကြာမီ ဖယ်ကာအိုက မိုနာကိုအတွက် တတိယမြောက်ဂိုး သွင်းယူခဲ့သည်။ ဖယ်ကာအိုသည်ပထမပိုင်း မိနစ် ၅၀ တွင် ပင်နယ်တီရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သောကြောင့် ဟက်ထရစ်ရမည့်အခွင့် အရေး ဆုံးရှုံးခဲ့သည်။ မိနစ် ၇၀ အထိ မိုနာကိုကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်နေသော မန်စီးတီးသည် အဂူရို (၇၁ မိနစ်)၊ ဂျွန်စတုန်း (၇၇ မိနစ်)နှင့် လီရွိုင်းရှိန်း(၈၂ မိနစ်) တို့၏ ၁၁ မိနစ်အတွင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။


မိုနာကို၏ ၄-၄-၂ တိုက်စစ် ကစားပုံကို တုံ့ပြန်ရန် မန်စီးတီး နည်းပြ ဂွါဒီယိုလာက အစီအစဉ် ချမှတ်ခဲ့သည်ဟု မိုနာကိုနောက်ခံ လူ ဖာဘင်ဟိုက ပြောကြားပြီး ၎င်း၏နည်းဗျူဟာကို ချီးကျူးခဲ့ သည်။

‘‘မျှော်လင့်ချက်တွေ ရေစုန် မမျောသေးပါဘူး။ နောက်လထဲ ဒုတိယအကျော့အဖြစ် ကျွန်တော် တို့အိမ်ကွင်းမှာ ကစားရတဲ့အခါ နောက်တစ်ဆင့် တက်နိုင်ပါသေး တယ်။ ဒီနေ့ပွဲမှာ မှားခဲ့တဲ့အမှား တွေကို ကိုယ့်ပရိသတ်ရှေ့ ရောက်တဲ့အခါ သတိရနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ဖာဘင်ဟိုကပြောကြားသည်။ မန်စီးတီးသည် အိမ်ကွင်းတွင် သုံးဂိုးပေးထားရသဖြင့် ဒုတိယအကျော့၌ ဂရုစိုက်ကစားရမည်ဖြစ်သည်။

 အက်သလက်တီကိုက လည်း အဝေးကွင်းတွင် လေဗာ ကူဆင်ကို ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့ သောကြောင့် နောက်တစ်ဆင့်အ တွက် စိတ်အေးခဲ့ရသည်။ဂရစ်ဇ် မန်းနှင့် ဂါမီရိုတို့လေဗာကူဆင် နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပြီး ဂိုးများသွင်းယူနိုင်ခဲ့သည်။

‘‘ဒါက စိတ်လှုပ်ရှားစရာ ကောင်းပြီး စိတ်ဓာတ်တက်ကြွရ တဲ့ပွဲပါ။ ကျွန်တော်တို့အတွက် အံ့ မခန်းပါပဲ။ ပထမပိုင်းမှာ ကျွန်  တော်တို့ပါးပါးနပ်နပ်၊ ကောင်း ကောင်းမွန်မွန် ကစားနိုင်ခဲ့ပါ တယ်။ ရလဒ်ကောင်းဖို့ကျွန်တော် တို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနိုင်ရလဒ်နဲ့ ထိုက် တန်ပြီး ဒီထက်မကဂိုးတွေရဖို့ ရှိခဲ့ ပါတယ်။ အသင်းနဲ့အတူကျွန် တော်ပျော်ပါတယ်’’ဟု အက်သ လက်တီကိုနည်းပြ ဆီမြွန်နီကပွဲ အပြီးတွင်ပြောကြားသည်။