Live Score

 

နာပိုလီနှင့်ပွဲတွင် ရော်နယ်ဒိုပါဝင်မည်၊ ရီးရဲလ်တွင်သာ ဖိအားရှိဟု နာပိုလီနည်းပြဆို

ယနေ့ည နာပိုလီနှင့် ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ရှုံးထွက် ပွဲစဉ်တွင် ရီးရဲလ်အသင်း၌ စီရော် နယ်ဒိုပြန်လည်ပါဝင်လာမည်ဖြစ် သည်။


 အီဘာအသင်းကို ၄-၁ ဂိုး ဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ကြွက်သားပြဿနာကြောင့် မပါ ၀င်နိုင်ခဲ့သော်လည်း ရော်နယ်ဒို သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့သဖြင့် အီတလီမြေသို့ သွားရောက်မည့် ချန်ပီယံလိဂ် ခရီးစဉ်၌ ပြန်လည်ပါဝင်လာရန် အသင့်ရှိနေသည်။

စီရော်နယ်ဒို ကစားခဲ့သည့် နောက်ဆုံးသုံးပွဲတွင် လေးဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ်သမိုင်း၌ ဂိုး ၁၀၀ ပြည့်မြောက်ရန် နှစ်ဂိုးသာလိုတော့သည်။


  ပွဲပယ်ပြစ်ဒဏ်ထိထားသ ဖြင့် အီဘာနှင့်ပွဲကို လွဲချော်ခဲ့သော ဂါရတ်ဘေးလ်နှင့် မိုရက်တာ လည်း ရီးရဲလ်အသင်း လူစာရင်း တွင် ပြန်လည်ပါဝင်လာမည်ဖြစ်သည်။ အသင်း၏ ပွဲထွက်ကစား သမားများထဲတွင် ဗာရာနီနှင့် ကွန်ထရာအိုတို့သာ ဒဏ်ရာကိုယ်စီ ရနေကြသဖြင့် နာပိုလီနှင့် ပွဲ၌ ပါဝင်နိုင်မည်မဟုတ်ပေ။

ရီးရဲလ်သည် ပထမအကျော့ တွင် နာပိုလီကို ၃-၁ ဂိုးဖြင့် အ နိုင်ရရှိထားသည်။

နာပိုလီတွင်လည်း အားထားရသည့် တိုက်စစ်မှူး ဒရစ်မာတင် ပါဝင်လာမည်ဟု မျှော်လင့်ရပြီး ၎င်းသည် နောက်ဆုံး ၁၁ ပွဲ၌ ၁၄ဂိုးသွင်းယူထားသည်။ နာပိုလီသည် စီးရီးအေတွင် ဒုတိယနေရာရှိ ရိုးမားကို ၂-၁ဂိုးဖြင့် အနိုင်ရထားသဖြင့် ရီးရဲလ်နှင့် ချန်ပီယံလိဂ်ပွဲအတွက် ယုံကြည်မှုအပြည့်ရှိနေသည်။

နာပိုလီနည်းပြ မော်ရီဇီယို ဆာရီက ဖိအားများအားလုံး ရီး ရဲလ်ပေါ်တွင်သာ  ရှိမည်ဖြစ်ပြီး ၎င်းတို့အတွက် မမေ့နိုင်သော ပွဲ တစ်ပွဲဖြစ်လိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြားသည်။

ပထမအကျော့တွင် ရီးရဲလ် ကို ရှုံးထားသောကြောင့် ယခု တစ်ကြိမ်ဆုံတွေ့စဉ် တစ်ခုတည်း သော နည်းလမ်းမှာ တိုက်စစ်ဖွင့် ကစားရန်သာဖြစ်သည်ဟု နာပို လီအသင်းခေါင်းဆောင် မာရက် ဟမ်ဆစ်က ပြောကြားသည်။

အာဆင်နယ်နှင့် ဒုတိယအ ကျော့ကစားမည့် ဘိုင်ယန်မြူးနစ် သည် နောက်ဆုံးသုံးပွဲတွင် ၁၄ ဂိုး သွင်းယူထားနိုင်သည်အထိ ခြေ စွမ်းထက်မြက်နေပြီး တစ်ဂိုးမျှ ပြန်မပေးရသေးပေ။

ဘိုင်ယန်မြူးနစ်သည် ပထမအကျော့တွင် အာဆင်နယ်ကို ၅-၁ ဂိုးဖြင့် အနိုင်ယူထားပြီး အာဆင်နယ်က ပရီးမီးယားလိဂ်ပွဲ၌ လီဗာပူးကို ၃-၁ ဂိုးဖြင့် ရှုံးခဲ့သည်။