Live Score

 

ယနေ့ညချန်ပီယံလိဂ်တွင် မိုနာကိုနှင့် မန်စီးတီး အက်သလက်တီကိုနှင့် လေဗာကူဆင်ယှဉ်ပြိုင်မည်

ယနေ့ညတွင် ချန်ပီယံ လိဂ် ၁၆ သင်းအဆင့် ဒုတိယအ ကျော့ပွဲစဉ်အဖြစ် မိုနာကိုနှင့် မန် စီးတီး၊ အက်သလက်တီကိုနှင့်လေဗာကူဆင်တို့ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။

 

မိုနာကိုသည် ပထမအကျော့၌ မန်စီးတီးကို ၅-၃ ဂိုးဖြင့် ရှုံးနိမ့် ထားသဖြင့် ယခုပွဲတွင် အနည်း ဆုံး နှစ်ဂိုးပြတ်အနိုင်ရမှ အဝေး ဂိုးစည်းမျဉ်းအရ နောက်တစ်ဆင့် သို့ တက်မည်ဖြစ်သည်။ ထို့ ကြောင့် နည်းပြလီယိုနာဒိုဂျာဒမ် ၏ မိုနာကိုသည် အိမ်ကွင်းတွင် ရွက်ကုန်ဖွင့်ကစားမည်ဖြစ်ပြီး ထိပ်တန်းဂိုးသွင်းရှင် ဖယ်လ်ကာ အိုနှင့် ဆယ်ကျော်သက်ကစားသ မား အမ်ဘပ်ပီတို့ ခြေစွမ်းပြနိုင်ရန် လိုအပ်သည်ဟု ဆိုသည်။ ဖယ်လ် ကာအိုသည် ပထမအကျော့တွင် ခြေစွမ်းပြကာ နှစ်ဂိုးသွင်းယူနိုင် သော်လည်း ပင်နယ်တီဝင်အောင် မကန်သွင်းနိုင်ခဲ့ပေ။

 

မိုနာကိုနည်းပြ ဂျာဒမ်က အသင်းသည် ယခုနှစ်ရာသီတွင် ဖလားလေးလုံးရအောင် စွမ်း ဆောင်နိုင်သည်အထိ ခြေစွမ်း ကောင်းနေသည်ဟု အပြည့်အ၀ ယုံကြည်နေပြီး ယင်းကို ကစားသမားများကလည်း ထောက်ခံကြ သည်။

 

‘‘ကျွန်တော်တို့ ခြေစွမ်း ကောင်းပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ ဘာလဲဆိုတာ ဥရောပကို ပြချင်ပါတယ်’’ဟု မို နာကိုကစားသမား ဖာဘင်ဟိုက ပြောကြား သည်။

 

ထိုအတောအတွင်း မန်စီး တီးနည်းပြ ဂွါဒီယိုလာသည် အ သင်း၌ ကြီးကျယ်မှုကို တည်ဆောက်နေသည်ဟု ယုံကြည် ကြောင်း ကွင်းလယ်လူ ယာယာ တိုရေးက ပြောသည်။

 

ပထမအကျော့က လေဗာ ကူဆင်ကွင်း၌ ၄-၂ ဂိုးဖြင့် အနိုင် ယူထားသည့် အက်သလက်တီကို တွင် တိုက်စစ်မှူး ဂရက်ဇ်မန်းဂိုး သွင်းခြေမှန်နေပြီး ၂၀၁၇ အတွင်း ၁၄ ဂိုးအထိ သွင်းယူထားသည်။

 

အက်သလက်တီကိုသည် အိမ်ကွင်း၌ နောက်ဆုံးယှဉ်ပြိုင်ခဲ့ သည့် ချန်ပီယံလိဂ် ၃၃ ပွဲတွင် နှစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး လေဗာကူ ဆင်အနေဖြင့် ယင်းစံချိန်ကို ကျော်ဖြတ်ရန် ရုန်းကန်ရမည်ဖြစ်သည်။