Live Score

 

ချန်ပီယံလိဂ်တွင် ရီးရဲလ်နှင့် အက်သလက်တီကို တွေ့ဆုံ ယူရိုပါလိဂ်တွင် မန်ယူနှင့်ဆယ်လ်တာဗီဂို ကစားမည်

ချန်ပီယံလိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များကို မဲခွဲဆုံး ဖြတ်ခဲ့ရာ လက်ရှိချန်ပီယံရီးရဲလ် မက်ဒရစ်သည် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နှင့် တွေ့ဆုံနေပြီး ဂျူဗင်တပ်က မိုနာ ကိုနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

နည်းပြဇီဒန်း၏ ရီးရဲလ်မက် ဒရစ်သည် ချန်ပီယံလိဂ်ဆုဖလား ကို ပထမဆုံးကာကွယ်နိုင်သည့် အသင်းအဖြစ် မှတ်တမ်းရေးထိုး နိုင်ဖွယ်ရှိနေပြီး ယင်းဆုဖလားကို (၁၂)ကြိမ်မြောက် ကိုင်မြှောက်နိုင် ရန် ရည်မှန်းလျက်ရှိသည်။ ပြင် သစ်ကလပ် မိုနာကိုက ဘာစီလို နာကို ကျော်ဖြတ်လာခဲ့သည့် ဂျူ ဗင်တပ်နှင့် ရင်ဆိုင်ရမည်ဖြစ် သည်။

ချန်ပီယံလိဂ်ဖလား ဆီမီးဖိုင် နယ် ပထမအကျော့ကို မေလ ၂ ရက်နှင့် ၃ ရက်တွင် ကစားမည် ဖြစ်ပြီး ဒုတိယအကျော့ကို သီ တင်းတစ်ပတ်အကြာ၌ ပြန်ကစား ကြမည်ဖြစ်သည်။ ဗိုလ်လုပွဲကို ဝေးလ်စ်နိုင်ငံ၊ ကာဒစ်မြို့၌ ဇွန်လ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ယူရိုပါလိဂ်ဆီမီးဖိုင်နယ် တွင် မန်ယူသည် စပိန်ကလပ် ဆယ်လ်တာဗီဂိုနှင့်တွေ့ဆုံနေပြီး နယ်သာလန်ကလပ်အေဂျက်ဇ် က ပြင်သစ်ကလပ်လိုင်ယွန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ မန်ယူ သည် ချန်ပီယံလိဂ်ဖလားကို သုံး ကြိမ်ရရှိဖူးသော်လည်း ယူရိုပါ လိဂ်ဖလားကိုမူ ဆွတ်ခူးနိုင်ခြင်း မရှိသေးပေ။ သို့သော် မန်ယူနည်း ပြ မော်ရင်ဟိုသည် ယင်းဖလားကို ၂၀၀၃ က ပေါ်တိုနှင့်အတူ ဆွတ် ခူးခဲ့ဖူးသည်။

ယူရိုပါလိဂ်ဖလား ဆီမီးဖိုင် နယ်ပထမအကျော့ပွဲစဉ်များကို မေလ ၄ ရက်တွင် ကစားမည် ဖြစ်ပြီး ဒုတိယအကျော့ကို မေလ ၁၁ ရက်တွင် ယှဉ်ပြိုင်မည်ဖြစ် ကာ ဗိုလ်လုပွဲကို မေလ ၂၄ ရက် ၌ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ တွင် ကျင်းပမည်ဖြစ်သည်။