Live Score

 

ရော်နယ်ဒို (၄၇)ကြိမ်မြောက် ဟက်ထရစ်သွင်းယူ ဗိုလ်လုပွဲတက်ရေး လက်လျှော့မည်မဟုတ်ဟု ဆီမြွန်နီပြော

ချန်ပီယံလိဂ် ဆီမီးဖိုင် နယ် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုနှင့် ယှဉ်ပြိုင်ခဲ့ ရာ အနိုင်သုံးဂိုးစလုံး သွင်းယူခဲ့ သည့် ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏ ကစားသမား ဘဝတစ်လျှောက် (၄၇)ကြိမ် မြောက် ဟက်ထရစ်ရရှိခဲ့သည်။

 

ရော်နယ်ဒိုသည် ယခုဟက် ထရစ်ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ တွင် (၇)ကြိမ်ဖြင့် ဟက်ထရစ်အ များဆုံး ရရှိထားသော မက်ဆီနှင့် စံချိန်တူညီခဲ့ပြီး ၂၀၁၂-၁၃ က လီဝင်ဒေါစကီးနောက်ပိုင်း ဆီမီး ဖိုင်နယ်ပွဲ၌ ပထမဆုံး ဟက်ထရစ် ဂိုးသွင်းရှင် ဖြစ်လာသည်။

ထို့အတူ ရော်နယ်ဒိုသည် ရီးရဲလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၉၉ ဂိုးရှိလာသကဲ့သို့ ချန်ပီယံ လိဂ် ထာဝရဂိုးသွင်းဘုရင်စာရင်း ၌ ၁၀၃ ဂိုးအထိ ရှိလာသည်။ ထို အတောအတွင်း မန်ယူကစားဖော်ဟောင်း ဂယ်ရီနဗီးလ်ကရော်နယ် ဒိုသည် ပီလီ၊ ဂျော့ခ်ျဘတ်စ်တို့နှင့် ခြေစွမ်းအဆင့် တစ်တန်းတည်း ဖြစ်ကြောင်း ပြောကြားသည်။

ရီးရဲလ်၏နိုင်ပွဲတွင် ကစားသမားစုဖွဲ့မှုက အဓိကကျကြောင်း နှင့် နည်းပြဇီဒန်းသည် မိနစ်ချင်း စီတိုင်းကိုင်တွယ်ရာတွင် အလွန် တော်ကြောင်း အသင်းခေါင်း ဆောင် ရာမို့စ်ကပြောသည်။

‘‘ပေးဂိုးမရှိဘဲ ကစားနိုင်ခဲ့တဲ့ အတွက် အခြေအနေကောင်းတစ် ရပ် ပိုင်ဆိုင်စေပါလိမ့်မယ်။ ဒီပွဲ မှာ ကျွန်တော်တို့ရဲ့ ကြိုးစားအား ထုတ်မှု၊ နိုင်လိုဇောနဲ့ အသင်းအ ဖွဲ့လိုက် စိတ်ဓာတ်ကိုပဲ မီးမောင်း ထိုးပြရပါလိမ့်မယ်။ ဇီဒန်းက ဘယ်သူကစားကစား မိနစ်တွေကိုစီမံခန့်ခွဲရာမှာ အလွန်ထက်မြက် ပါတယ်’’ဟု ရာမို့စ်က ပြောသည်။

အက်သလက်တီကို နည်းပြ ဆီမြွန်နီက ရီးရဲလ်ကို လက်လျှော့မည်မဟုတ်ကြောင်း ပြောသည်။

‘‘ဘောလုံးဆိုတာက အံ့ဩ ဖို့ကောင်းပါတယ်။ မထင်မှတ် တာတွေ၊ မဖြစ်နိုင်တာတွေ ဖြစ် တတ်ပါတယ်။ မဖြစ်နိုင်တာကို လုပ်ပြဖို့ ကျွန်တော်တို့ ကြိုးစား သွားမှာပါ။ ဒါကို လုပ်နိုင်စွမ်းရှိပါ တယ်။ နောက်ဆုံးအခွင့်အရေး မကုန်မချင်း ကျွန်တော်တို့ ဗိုလ် လုပွဲရောက်အောင် ကစားသွား မှာပါ’’ဟု ဆီမြွန်နီက ပြောသည်။

ရီးရဲလ်မက်ဒရစ်နှင့် အက် သလက်တီကိုတို့သည် ဆီမီးဖိုင် နယ် ဒုတိယအကျော့ကို မေလ ၁၁ ရက်တွင် ကစားမည်ဖြစ်သည်။