Live Score

 

ရီးရဲလ်နှင့် ဂျူဗင်တပ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရန် အလားအလာကောင်းနေ

ချန်ပီယံလိဂ်ဆီမီးဖိုင် နယ် ပထမအကျော့တွင် အက်သ လက်တီကိုကို ၃-၀ ဂိုးဖြင့် နိုင် ထားသော ရီးရဲလ်နှင့် မိုနာကိုကို ၂-၀ ဂိုးဖြင့် နိုင်ထားသော ဂျူဗင် တပ်တို့သည် ဗိုလ်လုပွဲသို့ တက် လှမ်းခွင့်ရရန် နီးစပ်နေပြီး လာ မည့် နှစ်ရက်အတွင်း အဖြေပေါ် မည်ဖြစ်သည်။

 

ယခုနှစ် ချန်ပီယံလိဂ်ဗိုလ်လု ပွဲတွင် ရီးရဲလ်နှင့် ဂျူဗင်တပ်တို့ တွေ့နိုင်ခြေရှိနေစဉ် ရီးရဲလ်သည် ဗိုလ်လုပွဲသို့ လေးရာသီတွင် တတိယအကြိမ် တက်ရောက်ရန် ကြိုးစားနေပြီး ဂျူဗင်တပ်က သုံး ရာသီအတွင်း ဒုတိယအကြိမ်တက်ရောက်ရန် ကြိုးစားနေသည်။

ရီးရဲလ်သည် ၂၀၁၄ နှင့် ၂၀၁၆ က နှစ်ကြိမ်စလုံး အက်သ လက်တီကိုကိုနိုင်ပြီး ဖလားရခဲ့ ကာ ဂျူဗင်တပ်သည် ၂၀၁၅ က ဘာစီလိုနာကို ဗိုလ်လုပွဲတွင် ရှုံး နိမ့်ခဲ့သည်။ အီတလီချန်ပီယံဖြစ် ရန် အလွန်နီးစပ်နေသည်။ ဂျူဗင် တပ်သည် နှစ်ပေါင်း ၂၀ ကျော်အ တွင်း ပထမဆုံးချန်ပီယံလိဂ်ဖလား ရရှိရေး ကြိုးစားနေစဉ် လက် စတာနည်းပြဟောင်း ရာနီရေရီက ဂျူဗင်တပ်အနေဖြင့် မိုနာကိုကို ပထမအကျော့ ၂-၀ ဂိုးဖြင့်နိုင် ထားသော်လည်း ဗုဒ္ဓဟူးနေ့နံနက် တွင်ကစားမည့် ဒုတိယအကျော့၌ အာရုံစိုက်၍ ယှဉ်ပြိုင်ရန်လိုသည် ဟု သတိပေးသည်။ လက်စတာ သည် အက်သလက်တီကိုကို နှစ် ကျော့ပေါင်း ၂-၁ ဂိုးရလဒ်ဖြင့် ရှုံး ၍ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသည်။

ဂျူဗင်တပ်နှင့် ပွဲသည် အ လွန်ခက်ခဲမည်ဖြစ်သော်လည်း မိမိတို့ ယုံကြည်မှုရှိရမည်ဖြစ်ပြီး ဂိုးစောစောစီးစီးရအောင် လုပ်ရ မည်ဟု မိုနာကိုနည်းပြ ဂျာဒင်က ပြောသည်။

ဂျူဗင်တပ်နည်းပြ အယ်လီ ဂရီကမူ မိမိတို့အနေဖြင့် စွမ်းအင် အချို့ ပြန်ရရန်လိုပြီး မိုနာကိုနှင့်ပွဲ ကို အာရုံစိုက် ကစားမည်ဟု ပြော သည်။

မိုနာကိုအနေဖြင့် ဂျူဗင်တပ် ကို ပထမအကျော့ ရှုံးနိမ့်ထားခြင်း ကို အီတလီမြေတွင် ပြောင်းပြန် လှန်နိုင်မှ ချန်ပီယံလိဂ်ဗိုလ်လုပွဲ သို့ တက်ခွင့်ရမည်ဖြစ်သည်။