Live Score

 

အသင်းတွင် ချန်ပီယံလိဂ်ဖလားရရန် လိုအပ်သော အရည်အသွေးရှိဟု ဂျူဗင်တပ်နည်းပြပြော

မိုနာကိုကို နှစ်ကျော့ ပေါင်း ၄-၁ ဂိုးဖြင့်နိုင်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက် လှမ်းနိုင်ခဲ့သည့် ဂျူဗင်တပ်နည်းပြ အယ်လီဂရီက အသင်းတွင် ယခု ရာသီ၏ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရန် လိုအပ်သောအရည် အသွေးများရှိသည်ဟု ပြောကြား သည်။

 

အသင်းခေါင်းဆောင်ဝါရင့် ဂိုးသမားကြီး ဘူဖွန်ကလည်း ဗိုလ် လုပွဲတက်ရောက်ခွင့်ရခြင်းသည် မည်သို့မျှ မဆိုလိုဘဲ ချန်ပီယံလိဂ် ဖလားအရယူရေးသာ ဆုံးဖြတ် ထားသည်ဟု ပြောကြားသည်။

ဂျူဗင်တပ်သည် ၂၀၁၅ က ဘာစီလိုနာကို ရှုံးကာ ချန်ပီယံ လိဂ်ဆုဖလားနှင့် လွဲခဲ့သည်။

အီတလီစီးရီးအေတွင် ရိုး မားနှင့်ဆုံတွေ့စဉ် တစ်မှတ်ရ လျှင် ဖလားရရန် သေချာမည့် မိမိ တို့ အသင်းအနေဖြင့် လာမည့် အရေးကြီးပွဲစဉ်များကို အာရုံစိုက် ကစားရမည်ဖြစ်ကာ လာဇီယိုနှင့် ကိုပါအီတာလီယာဗိုလ်လုပွဲသည် လည်း အရေးကြီးသည်ဟု ဂျူဗင် တပ် နည်းပြအယ်လီဂရီက ပြော သည်။

မိုနာကိုနှင့် ဆုံတွေ့မှုနှစ် ကြိမ်တွင် ဂိုးဖန်တီးမှုများပြုလုပ် ပြီး ခြေစွမ်းပြခဲ့သော ဘာစီလိုနာ နောက်ခံလူဟောင်း ဒန်နီအဲဗက်စ် ကို အယ်လီဂရီက ချီးကျူးပြီး ဗိုလ်လုပွဲသို့ တက်လှမ်းရာတွင် အသင်းသားများ၏ စွမ်းဆောင် ရည်အတွက် ၀မ်းမြောက်မိ ကြောင်း ပြောကြားသည်။