Live Score

 

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် လီဗာပူးနှင့် ဟော်ဖန်ဟိုင်း တွေ့ဆုံ

ချန်ပီယံလိဂ်အုပ်စုအ ဆင့်သို့ တက်ရောက်ရန် လီဗာပူး အသင်းသည် ရှုံးထွက်အဆင့်တွင် ဂျာမနီမှ ဟော်ဖန်ဟိုင်းကို နှစ် ကျော့ကစားပြီး ကျော်ဖြတ်ရမည် ဖြစ်သည်။

 


ဂျာဂန်ကလော့ပ်၏ အသင်း သည် ရှုံးထွက်အဆင့်ပထမအ ကျော့ကို သြဂုတ် ၁၅၊ ၁၆ ရက် တွင် အဝေးကွင်း၌ ကစားရမည် ဖြစ်ကာ ဒုတိယအကျော့ပွဲစဉ်ကို သြဂုတ် ၂၂၊ ၂၃ ရက်တွင် ကစား ရမည်ဖြစ်သည်။

စကော့တလန်ချန်ပီယံ ဆဲလ်တစ်က ကာဇက်စတန်မှ ချန်ပီယံအက်စတာနာနှင့် ကစား ရမည်ဖြစ်ကာ ဆဲလ်တစ်အိမ်ကွင်း တွင် ပထမအကျော့ ကစားမည်  ဖြစ်သည်။

ရှုံးထွက်အဆင့်မှ တက်လာ သော အသင်း ၁၀ သင်းသည် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ပြီးသော အသင်း ၂၂ သင်းနှင့်ပေါင်း စည်းမည်ဖြစ်သည်။ ရှုံးထွက်အဆင့်မှ ထွက်ရသောအသင်းများ ယူရိုပါလိဂ်သို့ ရောက်မည်ဖြစ်သည်။

အခြားရှုံးထွက်အဆင့် တွဲ ဆိုင်းများတွင် အီတလီမှ နာပိုလီ နှင့် ပြင်သစ်မှ နိစ်၊ ပေါ်တူဂီမှ စပို့စ်တင်းလစ္စဘွန်းနှင့် ရိုမေးနီး ယားမှ စတူအာဘူချာရက်စ်၊ ရုရှားမှ စီအက်စ်ကေအေမော်စကို နှင့် ဆွစ်ဇာလန်မှ ယန်းဘွိုင်းတို့ ဖြစ်ပြီး စပိန်မှ ဆီဗီလာက တူရကီ မှ ဘာဆက်စီဟာအစ္စတန်ဘူလ် နှင့် တွေ့ဆုံမည်ဖြစ်သည်။

ယမန်နှစ်က ပရီးမီးယားလိဂ် ချန်ပီယံ ချယ်လ်ဆီး၊ စပါးနှင့် မန် စီးတီးတို့ ချန်ပီယံလိဂ်အုပ်စုအ ဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရပြီးဖြစ် ကာ မန်ယူကလည်း ယူရိုပါလိဂ် ချန်ပီယံအဖြစ် တိုက်ရိုက်ဝင်ခွင့်ရ ခဲ့သည်။

လီဗာပူး ခြေစစ်ပွဲအောင် မြင်ပါက အုပ်စုအဆင့်တွင်ဗြိတိန်ကိုယ်စားပြု အသင်းငါးသင်းအထိ ရှိလာမည်ဖြစ်သည်။