Login

Live Score

 

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေး ဟော်ဖန်ဟိုင်းနှင့်ပွဲတွင် လုပ်စရာများစွာ ကျန်နေသေးကြောင်း လီဗာပူးနည်းပြပြော

ပထမအကျော့အဝေး ကွင်းတွင် လီဗာပူးက ဟော်ဖန် ဟိုင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရထား သော်လည်း ယနေ့ညကစားမည့် ဒုတိယအကျော့၌ အနည်းဆုံး သရေကျမှ နည်းပြဂျာဂန်က လော့ပ်၏ လီဗာပူးသည် ချန်ပီယံ လိဂ်အုပ်စုအဆင့်ဝင်ခွင့် တစ်နေ ရာစာ သေချာမည်ဖြစ်သည်။

 

ပထမအကျော့တွင် လူငယ် ကစားသမား အလက်ဇန်းဒါးအာ နိုးလ်နှင့် ဟော်ဖန်ဟိုင်းနောက်ခံ လူ ဟားဗတ်နော့ဒ်ဗီယက်၏ လက်ဆောင်ဂိုးဖြင့် လီဗာပူးက ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သော် လည်း လူစားဝင်ကစားသမား မာ့ခ်အူတက်ခ်ျ၏ နောက်ကျ ချေပဂိုးတစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရသ ဖြင့် ဟော်ဖန်ဟိုင်းအတွက် မျှော် လင့်ချက်ပေးသလိုဖြစ်စေခဲ့ သည်။ပထမအကျော့တွင် ၂-၁ ဂိုး ဖြင့် အနိုင်ရခဲ့သော်လည်း ချန်ပီ ယံလိဂ်အုပ်စုဝင်ခွင့်တစ်နေရာ မသေချာသေးကြောင်း ဂျာဂန် ကလော့ပ်က ပြောကြားထား သည်။

ဂျာဂန်ကလော့ပ်သည် ခရစ္စ တယ်ပဲလေ့စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲ တွင် နေရာ ငါးနေရာအထိ အ ပြောင်းအလဲပြုလုပ်ကာ ပွဲထုတ်ခဲ့ ရာ ဟော်ဖန်ဟိုင်းနှင့် ပွဲကို အလေးထားကြောင်း သိသာခဲ့သည်။

‘‘စွမ်းဆောင်ရည်နဲ့ ရလဒ်က တော့ ပြီးပြည့်စုံမှုမရှိသေးပါဘူး။ တော်တော်လေးကို မပြည့်စုံတာ ပါ။ ဒီအကျော့မှာ လုပ်စရာတွေ အများကြီးကျန်နေပါသေးတယ်’’ ဟု ဂျာဂန်ကလော့ပ်ကပြော သည်။

ဟော်ဖန်ဟိုင်းသည် အိမ် ကွင်းတွင် ဝါဒါဘရီမင်ကို ၁-၀ ဂိုး ဖြင့် အနိုင်ယူပြီး ဘွန်ဒက်စ်လီဂါကို နိုင်ပွဲဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ လီဗာပူးနှင့် ဒုတိယအကျော့အ တွက် မျှော်လင့်ချက်ရှိနေသေး သည်ဟု ဟော်ဖန်ဟိုင်းကွင်းလယ် လူ ကီရမ်ဒီမာဘေးက ဆိုသည်။

‘‘လီဗာပူးမှာ မတူခြားနားမှု တစ်စုံတစ်ရာရနိုင်ပါတယ်။ ကျွန် တော်တို့ပွဲအဖြေကို ပြောင်းလဲ ကောင်း ပြောင်းလဲပစ်နိုင်ပါ တယ်။ အဲဒီလိုပြောင်းလဲပစ်နိုင်ဖို့ ကျွန်တော်တို့ မီးကုန်ယမ်းကုန် ကြိုးစားအားထုတ်သွားမှာပါ’’ဟု ဂျာမနီလက်ရွေးစင် ကီရမ်ဒီမာ ဘေးက ပြောသည်။

ထိုအတောအတွင်း လီဗာပူး ဂန္ထဝင်ကစားသမားဟောင်း ဂျင်မီ ကာရေဂါက လီဗာပူးအတွက် ဆာဒီယိုမာနေးသည် ကော်တင် ဟိုထက် ပိုမိုအရေးပါသည်ဟု ပြောကြားခဲ့သည်။

ကော်တင်ဟိုအတွက် ပေါင် ၁၁၄ သန်းဖြင့် ဘာစီလိုနာ၏ တတိယမြောက်ကမ်းလှမ်းမှုကို  လီဗာပူးက ပယ်ချထားသည်။