Login

Live Score

 

ချယ်လ်ဆီးနှင့်ပွဲတွင် မျောက်လို အော်ဟစ်ခဲ့၍ ရိုးမားအသင်းကို အရေးယူ

နိုင်ယွန်- လန်ဒန်မြို့တွင် ယှဉ်ပြိုင် သည့် ချယ်လ်ဆီးနှင့် သုံးဂိုးစီ သရေကျသည့်ပွဲ၌ ၎င်းတို့၏ နောက်တန်း လူဟောင်းဖြစ်သော အန်တိုနီယို ရူဒီဂါကို လှောင် ပြောင်ရန် ရိုးမားပရိသတ်အချို့ က မျောက်ကဲ့သို့ အသံပြုခြင်းအ တွက် ရိုးမားအသင်းကို လူမျိုးရေးခွဲခြားမှုဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ်က စွဲချက်တင်ခဲ့သည်။

 

ရူဒီဂါ (၂၄)နှစ်သည် ရိုးမား တွင် နှစ်ရာသီ ကစားပြီးနောက် ၂၀၁၇ ၌ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဂျာမနီအ တွက်ပွဲ၂၀ ကစားထားသော ရူဒီဂါသည် ရိုးမားအတွက် ၇၂ ပွဲ ကစားခဲ့သည်။

စည်းကမ်း သတ်မှတ်ချက် အခန်း (၁၄) အရ ရိုးမားအသင်း အပေါ် အရေးယူမှု စတင်ခဲ့သည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြော ကြားသည်။ ဥရောပဘောလုံး အဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့က ရိုးမားအမှုကို နိုဝင်ဘာ ၁၆ ရက်တွင် ကိုင်တွယ်မည်ဖြစ်သည်။ ယခင်က လူမျိုးရေးစော် ကားသောအမှုများတွင် ပြစ်မှုထင်ရှားပါက ချန်ပီယံလိဂ်ပွဲ၌ အားကစားရုံတစ်စိတ်တစ်ပိုင်းကို ပိတ်သိမ်း၍ ကစားရန် ဥရောပဘောလုံးအဖွဲ့ချုပ်က အမိန့်ချမှတ်လေ့ရှိသည်။

ချယ်လ်ဆီးသည် ရိုးမားအ သင်းကို အောက်တိုဘာ ၃၁ ရက်တွင် ရောမမြို့၌ ဒုတိယအကျော့ ရင်ဆိုင်ရမည်ဖြစ်သည်။