Live Score

 

ဘင်ဖီကာနှင့် ပွဲအတွက် ကစားသမားများကို အနားပေးမည်မဟုတ်ဟု မော်ရင်ဟိုပြော

တနင်္ဂနွေနေ့တွင် ချယ်လ်ဆီးအိမ်ကွင်းသို့ သွားရောက်ရင် ဆိုင်ရန် ရှိသော်လည်း ဘင်ဖီကာ နှင့် ချန်ပီယံလိဂ်ပွဲအတွက် ကစားသမားများကို အနားပေးမည်မဟုတ်ဟု မန်ယူနည်းပြမော်ရင်ဟိုက အခိုင်အမာပြောကြားသည်။

 

မန်ယူသည် ချန်ပီယံလိဂ် အုပ်စု (A)တွင် နောက်တစ်ဆင့် တက်ရန် အခွင့်အရေးနှင့်အတူ ဘင်ဖီကာကို လက်ခံကစားရမည် ဖြစ်သည်။ စပါးနှင့် ပွဲတွင် အနိုင် ဂိုးသွင်းခဲ့သော မာရှယ်နှင့် ရက်ခ်ျ ဖို့ဒ်တို့ကို အတူတွဲကစားစေရန် ရှိ၊ မရှိ မေးမြန်းရာ မော်ရင်ဟိုက ၎င်းတို့နှစ်ဦးကို တွဲကစားခိုင်းရန် ပြဿနာမရှိဟု ပြောသည်။

သို့သော်ဘင်ဖီကာနှင့် ပွဲ အတွက် ဒဏ်ရာရနေသော ကစားသမားများဖြစ်သည့် အီဗရာဟီမို ဗစ်၊ ဖယ်လိုင်နီ၊ ပေါ့ဂ်ဘာ၊ ကာ ရစ်နှင့်ရိုဂျိုတို့ တစ်ဦးမျှ မပါဝင်နိုင် မည်မဟုတ်ဟု မော်ရင်ဟိုက ပြောပြီး ဘလိုင်းနှင့် ဖီးလ်ဂျုံးစ်တို့သည် စပါးနှင့် ပွဲတွင် ပါဝင်ခဲ့ပြီးဖြစ်၍ ဘင်ဖီကာနှင့် ပွဲ၌ ပါဝင်မည်ဖြစ် သည်။

ထိုအတောအတွင်း ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးသည် ဆဲလ်တစ်နှင့် ချန်ပီယံလိဂ်ပွဲကို လွဲချော်မည်ဖြစ်ပြီး ဆဲလ်တစ်တွင် တိုက်စစ်မှူး ပက်ထရစ်ရောဘတ် ဒဏ်ရာကြောင့် သီတင်းခြောက် ပတ်နားရမည်ဖြစ်၍ ပါဝင်နိုင် မည်မဟုတ်ပေ။

‘‘အဲဒီပွဲက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပွဲပါ။ သူတို့ အတွက်လည်း ခက်ခဲပါလိမ့်မယ်’’ ဟု ဆဲလ်တစ်နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောသည်။

ထို့အပြင် ဘိုင်ယန်အနေဖြင့် ယခင်က ပုံစံမျိုးထက် ပိုကောင်း သော ဆဲလ်တစ်အသင်းနှင့် ရင် ဆိုင်ရလိမ့်မည်ဟု ဆဲလ်တစ်တိုက်စစ်မှူး လိတ်ဇ်ဂရီဖစ်က ပြော ကြားသည်။ ဆဲလ်တစ်သည် အုပ် စု(B)တွင် တတိယနေရာ၌ရှိနေ ပြီး ရှုံးလျှင် အုပ်စုမှ ထွက်ရနိုင် သည်။ ယင်းပွဲအတွက် ဒမ်ဘီလီ အသင့်ဖြစ်နေပြီဟုလည်း ဂရီဖစ် က ပြောသည်။