Live Score

 

စပါး၊ ရီးရဲလ်မက်ဒရစ်နှင့် မန်စီးတီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တက်

ယခုနှစ်ချန်ပီယံလိဂ် တွင် အခက်အခဲဆုံးအုပ်စုများ အနက်တစ်ခုဖြစ်သည့် အုပ်စု (H)၌ ထိပ်ဆုံးနေရာရခဲ့ပြီးနောက် သံသယဝင်သူများ မှားယွင်း ကြောင်း သက်သေပြနိုင်ခဲ့ပြီဟု စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောသည်။

 

စပါးသည် တစ်ပွဲကစားရန် ကျန်နေချိန်တွင် အုပ်စုဗိုလ်ဖြစ်ခွင့် ရရေး ဒေါ့မွန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

‘‘ကျွန်တော်တို့ ကျခဲ့တဲ့ အုပ် စုမှာ လူအများကြီးက ကျွန်တော် တို့ကို သံသယဝင်ခဲ့ပါတယ်။ သူ တို့မှားယွင်းကြောင်း သက်သေပြ ဖို့ ကျွန်တော်တို့ အလိုရှိခဲ့ပါတယ်’’ဟု ယခုပွဲတွင် တစ်ဂိုးသွင်းယူပြီး ယခုနှစ်ချန်ပီယံလိဂ် သွင်းဂိုး ခြောက်ဂိုးရှိလာသူ ဟယ်ရီကိန်း က ပြောသည်။

‘‘အာဆင်နယ်နဲ့ပွဲ ရှုံးပြီး နောက် အသင်းရဲ့ တုံ့ပြန်ပုံက တော်တော်လေး ပြည့်စုံကောင်း မွန်ပါတယ်’’ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောသည်။

ပြီးခဲ့သည့်နှစ်က အုပ်စု ချောင်ခဲ့သော်လည်း (၁၆) သင်းအဆင့်ထိ တက်ရောက်နိုင်ခြင်းမရှိသည့် စပါးအတွက် ယခုစွမ်း ဆောင်ရည်သည် အထင်ကြီးစရာ အောင်မြင်မှုဖြစ်ခဲ့သည်။

၂ နှစ်ဆက်တိုက် လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံရီးရဲလ်မက် ဒရစ်ကလည်း အဝေးကွင်းတွင် အေပိုးလ်ကို ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး နောက်ဆုံး (၁၆) သင်း အဆင့်တက်ရောက်ခဲ့သည်။

နည်းပြဂွာဒီယိုလာ၏ မန်စီး တီးက ဖီယင်နုကို စတာလင်၏ တစ်လုံးတည်းသော နောက်ကျ အနိုင်ဂိုးဖြင့် အနိုင်ယူပြီး အုပ်စု ဗိုလ်အဖြစ် နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည်။

(၁၆) သင်းအဆင့်တွင် မည် သည့်အသင်းနှင့် ရင်ဆိုင်ရပါစေ ကိစ္စမရှိကြောင်း ပွဲအပြီး၌ ဂွာဒီ ယိုလာက ပြောကြားသည်။ အုပ်စု ဒုတိယနေရာအတွက်မူ နာပိုလီနှင့် ရှက်တာဒိုးနက်စ်တို့ နောက်ဆုံးပွဲအထိ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အုပ်စု(G)တွင် ဘီဆစ်တက် က ပေါ်တိုနှင့် သရေကျပြီးနောက်အုပ်စုဗိုလ်ဖြစ်ရန် သေချာခဲ့သော် လည်း ပြင်သစ်ကလပ် မိုနာကို သည် အုပ်စုအဆင့်မှပင် လက် ပြနှုတ်ဆက်ခဲ့ရသည်။ အုပ်စုဒုတိ ယနေရာအတွက် ခုနစ်မှတ်စီရရှိ ထားသော ပေါ်တိုနှင့် လိုက်ပ်ဇစ် တို့ နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်ရမည်ဖြစ်သည်။