Live Score

 

ဆီဗီလာနှင့် သရေကျပြီးနောက် ကစားသမားများ၏ စိတ်ဓာတ်ကို သံသယမရှိဟု လီဗာပူးနည်းပြပြော

ပထမပိုင်းတွင် သုံးဂိုး ပြတ်ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အိမ်ရှင်ဆီဗီလာ ၏ ချေပဂိုးများကို ခွင့်ပြုရကာ တစ်မှတ် ခွဲဝေပေးရပြီးနောက် လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ် က ကစားသမားများ၏ စိတ်ဓာတ်ပိုင်းနှင့် ပတ်သက်၍ သံသယမရှိကြောင်း ပြောကြားသည်။

 

ဖာမီနိုနှင့် မာနေးတို့၏ သွင်း ဂိုးများဖြင့် လီဗာပူးသည် ပွဲကို ထိန်းချုပ်နိုင်ခဲ့စဉ် ၂၀၀၉ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် တက်ရောက် တော့မည်ဟု ထင်မှတ်ရသည်။

သို့သော်ဆီဗီလာမှ ဘန် ယက်ဒါနှင့် ပီဇာရိုက ချေပဂိုးများ အသီးသီးသွင်းခဲ့ပြီး လီဗာပူးအနေဖြင့် ယင်းအထင်နှင့် လွဲချော်ခဲ့ သည်။

‘‘ကစားသမားတွေရဲ့ စိတ် ဓာတ်ပိုင်းကို ကျွန်တော်နည်း နည်းလေးမှ သံသယမဖြစ်မိပါ ဘူး။ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ကျွန်တော်တို့ ပြသပြီးသားပါ။ ဒါ ကို ကျွန်တော်တို့ တခြားပွဲတွေမှာ ပြသခဲ့ပါတယ်’’ဟု ဂျာဂန်က လော့ပ်က ပြောသည်။

‘‘ဟုတ်ပါတယ်။ ဒါက သိပ်မ ပြည့်စုံပါဘူး။ ဒါက အမှန်ပဲ။ ဒါပေမဲ့ ဒါက ပုံမှန်ပြဿနာတစ်ခုမဟုတ်ပါဘူး’’ဟု ဂျာဂန်ကလော့ပ်က ထပ်လောင်းပြောကြား သည်။

ယင်းရလဒ်ကြောင့် အုပ်စု (E)တွင် လီဗာပူး၊ ဆီဗီလာနှင့် စပါးတပ်မော်စကိုတို့ နောက်တစ် ဆင့်တက်ရေး အကြိတ်အနယ် ဖြစ်နေပြီး အုပ်စုပိတ်ပွဲအထိ စောင့်ကြည့်ရမည်ဖြစ်သည်။

လီဗာပူးအနေဖြင့် အုပ်စုမှ ကျွတ်ရေး သေချာစေရန် ဒီဇင် ဘာ ၆ ရက်တွင် စပါးတပ်မော်စကိုကို အိမ်ကွင်း၌ လက်ခံကစားသည့် အခါ မရှုံးနိမ့်ရန်လိုအပ်သည်။

လက်ရှိတွင် လီဗာပူးက ကိုးမှတ်၊ ဆီဗီလာက ရှစ်မှတ်နှင့် စပါးတပ်မော်စကိုက ခြောက် မှတ်ရရှိထားသည်။