Live Score

 

ရော်နယ်ဒို ချန်ပီယံလိဂ် သွင်းဂိုးစံချိန်တင်

ရီးရဲလ်က အေပိုးလ်ကို ခြောက်ဂိုးပြတ်  နိုင်သောပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည့် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုသည် ၂၀၁၇ အတွင်း ချန်ပီယံလိဂ်၌ စုစုပေါင်းသွင်းဂိုး ၁၈ ဂိုးရှိလာကာ တစ်နှစ်တာအတွင်း ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာသည်။

 

ပြီးခဲ့သည့် နှစ်ရာသီဆက် တိုက်ချန်ပီယံလိဂ်ဖလားရခဲ့သော ရီးရဲလ်သည် စပါးက ဒေါ့မွန်ကို နိုင်ပြီး အုပ်စုဗိုလ်နေရာ ရယူသွားရာ ဒုတိယနေရာဖြင့်သာ နောက်တစ် ဆင့်သို့ တက်ခွင့်ရခဲ့သည်။

ရော်နယ်ဒိုသည် ၂၀၁၅ က ချန်ပီယံလိဂ် ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

ယခုရာသီစပိန်လာလီဂါ တွင် ရုန်းကန်နေရသည့် ရော်နယ် ဒိုသည် ရှစ်ပွဲ၌ တစ်ဂိုးသာသွင်းယူထားနိုင်သော်လည်း ဥရောပပြိုင် ပွဲတွင် ဂိုးမိုးခေါင်ခြင်းမရှိပေ။

ပြိုင်ဘက်ဘာကာ တိုက်စစ် မှူး မက်ဆီသည် တစ်နှစ်အတွင်း ချန်ပီယံလိဂ်သွင်းဂိုး ၁၃ ဂိုးအထိ သာ သွင်းယူခဲ့သည်။