Live Score

 

ဘာစီလိုနာနှင့် ချယ်လ်ဆီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တက်

ယမန်နေ့က ကစားခဲ့ သော ချန်ပီယံလိဂ်ပွဲစဉ်များတွင် ချယ်လ်ဆီးက ၁၀ ဦးကျန် ကာရာ ဘက်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ ပြီး တစ်ပွဲကစားရန် ကျန်သေးချိန် တွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ဘာစီလိုနာက လည်း ဂျူဗင်တပ်နှင့် ဂိုးမရှိသရေကျပြီးနောက် တစ်ဆင့်တက်ခဲ့ သည်။ ဘာစီလိုနာသည် အုပ်စု ဗိုလ်ဖြင့် နောက်တစ်ဆင့်သို့ တက်ခြင်းဖြစ်သည်။

 

ပီအက်စ်ဂျီနှင့် ဆဲလ်တစ်တို့ ပါရီမြို့တွင် ကစားသောပွဲတွင် ဆဲလ်တစ်က ဗွေဆော်ဦးဂိုးသွင်း ယူခဲ့သော်လည်း ပီအက်စ်ဂျီက ခုနစ်ဂိုးဆက်တိုက်ပြန်သွင်းကာ ၇-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မန်ယူသည် ဘေဆယ်နှင့် ဂိုးမရှိ သရေကျလျှင်ပင် အုပ်စု (A) ထိပ်ဆုံးနေရာရရှိရန် သေချာ သော်လည်း ပွဲပြီးခါနီး ဂိုးပေးလိုက်ရသဖြင့် နောက်တစ်ဆင့်တက်ရန် စောင့်ဆိုင်းရဦးမည်ဖြစ်သည်။ မန်ယူ၏နောက် ဘေဆယ်နှင့် စီအက်စ်ကေအေတို့က ကိုးမှတ် စီဖြင့် ကပ်လိုက်နေသည်။

မန်ယူနည်းပြ မော်ရင်ဟိုက မိမိတို့အသင်းသည် ပထမပိုင်း တွင် ခြောက်ဂိုးခန့်ရရှိခဲ့သင့်သည် ဟု ပြောကြားသည်။ မန်ယူက စိုး မိုးခဲ့သော ပထမပိုင်းတွင် ဖယ်လိုင်နီနှင့် ရိုဂျိုတို့၏ ကန်ချက်များ တိုင်ထိထွက်ခဲ့သည်။ နောက်တစ်ဆင့် တက်ရန် လိုအပ်သော အမှတ်ရရှိ ရန် နီးစပ်နေချိန်တွင် ဘေဆယ်မှ မိုက်ကယ်လန်း၏ ၈၉ မိနစ်၌ သွင်းယူသော တစ်လုံးတည်းသောဂိုးကို မန်ယူက ခွင့်ပြုခဲ့ရသည်။

‘‘ပထမပိုင်းက လုံးဝပြီး ပြည့်စုံတယ်။ ဂိုးမရတာ တစ်ခုပဲ။ ကျွန်တော့်ကစားသမားတွေကို အပြစ်တင်လို့မရဘူး’’ဟု မော်ရင် ဟိုက ပြောသည်။

ချယ်လ်ဆီး ဦးဆောင်နေ သော အုပ်စု(C)တွင် အက်သ လက်တီကိုက ရိုးမားကို ၂-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ် ဆင့်တက်ရေး မျှော်လင့်ချက် ဆက်လက်ရှင်သန်စေခဲ့သည်။ အုပ်စုပွဲတစ်ပွဲသာကျန်ရှိချိန်တွင် ရိုးမားက ရှစ်မှတ်ဖြင့် ဒုတိယ၊ အက်သလက်တီကိုက ခုနစ်မှတ်ဖြင့် တတိယနေရာ ၌ရှိနေသည်။

အခြားပွဲစဉ်များတွင် စီအက်စ်ကေအေက ဘင်ဖီကာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရေးအိပ်မက် ဆက်လက်ရှင်သန်နေသည်။ စပို့တင်းလစ္စဘွန်းကလည်း အိုလံပီယာကော့စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်တက်ရန်မျှော်လင့်ချက်ရှိနေသည်။