Live Score

 

နောက်တစ်ဆင့်တက်ရောက် ကြိုးစားရဦးမည်ဟု ဒေးဗစ်လုဇ်ဖွင့်ဟ

ဘေလ်ဆယ်အသင်းအား ကျော်ဖြတ်ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်ရန် အတွက် ချယ်လ်ဆီးအသင်း ဆက်လက်ကြိုးစားရဦးမည်ဟု နောက်တန်း ကစားသမား ဒေးဗစ်လုဇ်မှ ဖွင့်ဟပြောဆိုခဲ့သည်။

ဒေးဗစ်လုဇ်မှာ ယနေ့ မနက်အစောပိုင်းက ကစားခဲ့သည့် ဘေလ်ဆယ်အသင်းနှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွင် နောက်ကျအနိုင်ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပြီး သူ၏ချယ်လ်ဆီး အသင်းမှာ အဝေးဂိုးနှစ်ဂိုး ရရှိခဲ့ခြင်းကြောင့် နောက်တစ်ဆင့် တက်ရောက်ရန် လွန်စွာ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်သော်လည်း လုဇ်မှ ဘေလ်ဆယ်အသင်း၏ ခြေစွမ်းအပေါ် စိုးရိမ်နေခြင်း ဖြစ်သည်။

“ဒီကွင်းမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာက အရမ်းကို အရေးပါပါတယ် ဘာလို့လည်းဆိုတော့ ဘေလ်ဆယ် အသင်းက အသင်းကောင်း တစ်သင်းဖြစ်ပြီး သူတို့ရဲ့ ဘောလုံး ဒဿနက အံ့အားသင့်ဖွယ်ရာပါ။ ဒီမှာအနိုင်ရဖို့ဆိုတာ ခက်ခဲပါတယ်”ဟု ဒေးဗစ်လုဇ်မှ ပြောကြားခဲ့သည်။