Live Score

 

ဘင်ဖီကာအသင်း အနိုင်ရလာဒ်နှင့် ထိုက်တန်သည်ဟု ဂျီးဆက်စ်ဖွင့်ဟ

ချယ်လ်ဆီးအသင်းအား (၂-၁)ဖြင့် ရှုံးနိမ့်ပြီး ယူရိုပါလိဂ် ဖလားကို လက်လွှတ်ခဲ့ရသော်လည်း မိမိတို့ အသင်းသာ ဆုဖလားနှင့် ထိုက်တန်သည်ဟု ဘင်ဖီကာနည်းပြ ဂျော့ခ်ျဂျီးဆက်စ်မှ ပြောကြားခဲ့သည်။

ဘင်ဖီကာအသင်းသည် အဆိုပါ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း၏ ဦးဆောင်ခြင်းကို ခံခဲ့ရသော်လည်း ကာဒိုဇိုမှ အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ကာ နာကျင်အချိန်ပိုအထိ သရေ ကစားနိုင်ခဲ့သော်လည်း ချယ်လ်ဆီး နောက်ခံလူ အိုင်ဗန်နိုဗစ်၏ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရကာ ဆုဖလားကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

ဘင်ဖီကာ အသင်း ပြီးခဲ့သော အပတ်ကလည်း (၂-၁)ဖြင့် ရှုံးနိမ့်ပြီး ပေါ်တူဂီလိဂ်ဖလားအား ပေါ်တိုအသင်းသို့ လွှဲပြောင်းပေးခဲ့ရသည်။ ဂျီးဆက်စ်မှ “ချယ်လ်ဆီးအသင်းက ပေါ်တိုနဲ့ စိတ်ဓာတ်တူပြီး တူညီတဲ့ အနေအထားကနေ ပြန်လာတာပါ။ ကျွန်တော်တို့ အနိုင်ရနိုင်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပေမယ့် ကံတရားက အခွင့်အရေး မပေးခဲ့ပါဘူး ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့သာ အနိုင်ရသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။