Live Score

 

စပါးစ်နိုင်ပွဲအတွက် ဒီဖိုးအား ချီးကျူးပြေဆိုမှုများ ပြုလုပ်ခဲ့သည့် ဘိုအာ့စ်

စပါးစ်အသင်းနည်းပြ ဘိုအာ့စ်သည် ယူရိုပါလိဂ် အဖွင့်ပွဲစဉ်တွင် ခြေစွမ်းပြ ဂိုးများသွင်းယူခဲ့သည့် တိုက်စစ်မှူး ဒီဖိုး၏ ခြေစွမ်းအပေါ် ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

တိုက်စစ်မှူး ဒီဖိုးသည် ထရွန်ဆိုအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် အထူးပင် ခြေစွမ်းပြ ကစားခဲ့ကာ (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းအား (၃-၀)ဖြင့် သက်တောင့်သက်သာ အနိုင်ရရှိရန် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ နည်းပြဘိုအာ့စ်မှ အဆိုပါ ပွဲစဉ်တွင် ဒီဖိုးပြသခဲ့သည့် ခြေစွမ်းအပေါ် အားရကျေနပ်နေပြီး ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ဘိုအာ့စ်မှ “ဒီဖိုးဘာတွေလုပ်ပြနိုင်တယ် ဆိုတာ လူတိုင်းသိပါတယ်။ သူရဲ့မှတ်တမ်းတွေက ဒါတွေကို ဖော်ပြနေပါတယ်။ သူဟာအမြဲတမ်း အဆင်သင့် ဖြစ်နေပြီး ထူးချွန်နေပါတယ်။ ဒီညမှာလည်း သူအကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပြန်ပါပြီ”ဟု ဒီဖိုးအား ချီးကျူးပြောဆိုခဲ့သည်။