Live Score

 

ဗလင်စီယာအား ဂိုးပြတ်အနိုင်ယူခဲ့သည့် အသင်းသားများကို လောဒရပ်ချီးကျူးပြောဆို

ဗလင်စီယာ အသင်းအား ဂိုးပြတ်အနိုင်ယူခဲ့သည့် မိမိအသင်းသားများကို ဆွမ်ဆီးနည်းပြ လောဒရပ်မှ ချီးကျူးပြောဆိုခဲ့သည်။

ဆွမ်ဆီးအသင်သည် ဥရောပ ပွဲစဉ် (၄)ပွဲတွင် (၄)ဂိုးသွင်းယူနိုင်ခဲ့သည့် ဘိုနီ၏ သွင်းဂိုး အပါအ၀င် တစ်ယောက်လျော့ ဗလင်စီယာ အသင်းအား ၎င်းတို့၏ အိမ်ကွင်းတွင် (၃)ဂိုးပြတ်ဖြင့် အနိုင်ယူပြီး ယူရိုပါလိဂ် အဖွင့်ပွဲစဉ်တွင် အောင်ပွဲခံနိုင်ခဲ့သည်။ နည်းပြလောဒရပ်မှ အဆိုပါ ပွဲစဉ်တွင် ပွဲကိုထိန်းချုပ် ကစားနိုင်ခဲ့သည့် အသင်းသားများ၏ ခြေစွမ်းအပေါ် ချီးကျူးပြောဆိုခဲ့သည်။

“အရမ်းကောင်းတဲ့ ပွဲတစ်ပွဲပါ။ အနီကတ်က ပွဲအဖြေပေါ် သက်ရောက်မှု ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ ၁မိနစ်ကနေစပြီး ပွဲပြီးဆုံးတဲ့အထိ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီပွဲအနိုင်အတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေသာမက ကစားသမားတွေကိုပါ ကျေးဇူးတင်ပါတယ်”ဟု လောဒရပ်မှ ပြောကြားခဲ့သည်။