Live Score

 

ဆီဗီးလား အသင်း ရေပန်းအစားဆုံး ဖြစ်လာပြီဟု အမ်မရီကြုံးဝါး

ဗလင်စီယာ အသင်းအား (၂)ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် ဗိုလ်လုပွဲ တက်ရောက်ရန် ဆီဗီးလား ရေပန်းအစားဆုံး ဖြစ်လာပြီဟု နည်းပြ အမ်မရီမှ ကြုံးဝါးပြောဆိုခဲ့သည်။

အမ်မရီ၏ ဆီဗီးလား အသင်းသည် နောက်အပတ်တွင် ဗလင်စီယာ အသင်း၏ အိမ်ကွင်းသို့ သွားရောက် ကစားရမည် ဖြစ်ကာ အမ်မရီမှ ယခုလို (၂)ပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း အခွင့်အရေး တန်းတူရှိနေကြောင်းနှင့် ကစားသမားများ အနေဖြင့် ဗိုလ်လုပွဲ တက်ရောက်လိုပါက ကြိုးစားရမည်ဟု ပြောကြားခဲ့သည်။

“အခွင့်အရေးက ၅၀ - ၅၀ပါပဲ ဒါပေမယ့် ခုချိန်မှာ ကျွန်တော်တို့က ပိုပြီးတော့ ရေးပန်းစားသွားပါပြီး။ ဒါပေမယ့်လည်း ပြိုင်ဘက်အပေါ်မှာ လေးစားမှု အပြည့်ရှိပါတယ်”ဟု အမ်မရီမှ ပွဲအပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။