Live Score

 

ဘင်ဖီကာနှင့်ပွဲစဉ်တွင် အီတလီဘောလုံးလောက အတွက် ဂျူဗင်တပ် ဂုဏ်ဆောင်နိုင်ခဲ့ဟု ကွန်တီကြုံးဝါး

ဘင်ဖီကာ အသင်းအား (၂-၁)ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဂျူဗင်တပ် အသင်း၏ ခြေစွမ်းအပေါ် အီတလီသားတိုင်း ဂုဏ်ယူသင့်သည်ဟု ကွန်တီမှ ပြောကြားခဲ့သည်။

ဂျူဗင်တပ် အသင်းသည် အဆိုပါ ပွဲစဉ်တွင် ဘင်ဖီကာ အသင်း၏ အစောပိုင်း သွင်းဂိုးကို ခွင့်ပြုခဲ့ရသော်လည်း ချေပဂိုး သွင်းယူနိုင်ခဲ့ကာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီး လီမာ၏ နောက်ကျသွင်းဂိုးကို ခွင့်ပြုခဲ့ရသဖြင့်သာ (၂-၁)ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ကွန်တီမှ ဂျူဗင်တပ် အသင်းသည် အနိုင်ရရှိရန် ခက်ခဲသည့် အသင်းဖြစ်ကြောင်း ပြသနိုင်ခဲ့ပြီး ၎င်းတို့၏ ခြေစွမ်းကို အီတလီသားများ အနေဖြင့် ဂုဏ်ယူသင့်သည်ဟု ပြောကြားခဲ့သည်။

ကွန်တီမှ “ပြသခဲ့တဲ့ ခြေစွမ်းကတော့ ကျွန်တော့်ကို ယုံကြည်မှုတွေ တိုးပွားစေပါတယ်။ ကျွန်တော်တို့ ကစားခဲ့တာ အီတလီ ကလပ်တွေ ကစားနေကြ ပုံစံမျိုး မဟုတ်ပါဘူး။ တိုက်စစ်ဖွင့်ပြီး ပွဲအရှိန်ကို ထိန်းကစားခဲ့တာပါ။ ကျွန်တော်တို့ ဒီညမှာ အီတလီ ဘောလုံးလောကအတွက် ဂုဏ်ဆောင်နိုင်ခဲပါတယ်”ဟု ပြောကြားခဲ့သည်။