Live Score

 

ဂျူဗင်တပ် အသင်း ယူရိုပါလိဂ် ဗိုလ်လုပွဲနှင့် ထိုက်တန်သည်ဟု ချီလီယေနီ ပြောကြား

ဘင်ဖီကာ အသင်းအား ရှုံးနိမ့်၍ ယူရိုပါလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ဂျူဗင်တပ် ကစားသမား ချီလီယေနီမှ စိတ်ပျက်နေပြီး ကံမကောင်း၍ နောက်တစ်ဆင့်သို့ မရောက်ရှိခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ် အသင်းသည် အိမ်ကွင်းတွင် ဘင်ဖီကာ အသင်းနှင့် ယှဉ်ပြိုင်ရာတွင် သရေသာ ရရှိခဲ့၍ နှစ်ကျော့ပေါင်း ရလဒ် (၂-၁)ဖြင့် ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ချီလီယေနီမှ ဂျူဗင်တပ် အသင်းသည် နောက်တစ်ဆင့် တက်ရောက်ရန် လုံလောက်သော ခြေစွမ်းရှိသော်လည်း ကံမကောင်း၍သာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ “ဒါက စိတ်မကျေနပ်စရာပါပဲ။ ကျွန်တော်တို့ ဗိုလ်လုပွဲ တက်ရောက်ဖို့ ထိုက်တန်ပါတယ်”ဟု ဂျူဗင်တပ် အသင်း၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။