Live Score

 

ပေါ့ဂ်ဘာ၊ စမောလင်းနှင့် ဘိုင်လီလေ့ကျင့်ခန်းဆင်း၊ ဆယ်လ်တာဗီဂိုက အနိုင်ရမည်မျှော်လင့်

ယူရိုပါလိဂ်ဆီး မီးဖိုင်နယ် ပထမအကျော့ပွဲမတိုင် မီ မန်ယူအသင်းမှ ပေါ့ဂ်ဘာ၊ စမောလင်း၊ ဘိုင်လီနှင့် ဂျုန်းတို့ အာလုံးအတူ  လေ့ကျင့်ခန်းဆင်း ခဲ့ရာ မန်ယူအတွက် အားတက် စရာဖြစ်ခဲ့သည်။

 

ယင်းကစားသမားများသည် ဆယ်လ်တာဗီဂိုသို့ မသွားရောက် မီ တစ်ရက်က  မန်ယူအသင်းနှင့် အတူလေ့ကျင့်ခန်းဆင်းခဲ့ကြ သည်။ ပေါ့ဂ်ဘာသည် မန်ယူအ သင်း၏ မန်စီးတီး၊ ဆွမ်ဆီးနှင့် ပွဲများ လွဲချော်ခဲ့ပြီး နောက်အ သင်းတွင် ပြန်ပါလာမည်ဟု မျှော် လင့်ထားသော်လည်း ဘိုင်လီ သည် ဆွမ်ဆီးနှင့်ပွဲတွင် ထွက်ခဲ့ ပြီးနောက် ယခုသီတင်းပတ်ပွဲစဉ် များ လွဲချော်မည်ဟု ခန့်မှန်းနေကြ သည်။စမောလင်းနှင့် ဂျုန်းသည် မတ်လက အင်္ဂလန်အသင်းပွဲစဉ် များတွင် ဒဏ်ရာရခဲ့သဖြင့် ပြန် လည်ကစားနိုင်ရန် မျှော်လင့်မ ထားပေ။ မော်ရင်ဟိုကိုယ်တိုင်၎င်းတို့ ပြန်ကောင်းလာမည်ကို မျှော်လင့်မထား၍ ဤသို့ပြန် လည်လေ့ကျင့်နိုင်ခြင်းသည် အား တက်စရာဖြစ်ခဲ့သည်။

ထိုအတောအတွင်း ဆယ်လ် တာဗီဂိုမှဆွီဒင်တိုက်စစ်မှူး ဂျွန် ဂူဒက်ကီက ၎င်းတို့အသင်းသည် မန်ယူကို မထင်မှတ်ဘဲ အနိုင်ယူ နိုင်သည်ဟု ယုံကြည်နေသည်။

‘‘ကျွန်တော်တို့ဟာ အသင်း သေးလေးပါ။ တခြားအသင်းတွေ က သိပ်သတိမထားမိကြဘူး။ ဒါ ပေမဲ့ ကျွန်တော်တို့ ဘယ်လောက် ကောင်းကြောင်းကိုယ့်ဘာသာ သိတယ်’’ဟု ဂူဒက်ကီက ပြောပြီး ဘာစီလိုနာကို ၂နှစ် ဆက်တိုက် အနိုင်ယူခဲ့ပြီး ရီးရဲလ်ကို ဘုရင့် ဖလားမှ ထွက်ရ အောင်လုပ်နိုင်ခဲ့ ကာ  အသင်းကောင်းဖြစ် ကြောင်း ပြသထားသည်ဟုပြောသည်။ မန် ယူကို အနိုင်ရနိုင်သော်လည်း အ ကောင်းဆုံးပုံစံဖြင့် ကစားရမည် ဟု ၎င်းကဆက်လက် ပြောသည်။