Live Score

 

ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အနိုင်ရလဒ်များကို မန်ယူနှင့် အေဂျက်ဇ် ထိန်းထားရမည်

၂၀၁၇ ယူရိုပါလိဂ်ဗိုလ် လုပွဲသို့ တက်ရောက်ခွင့်ရရှိရေး မန်ယူနှင့် အေဂျက်ဇ်အသင်း တို့သည် ဆီမီးဖိုင်နယ်ပထမ အကျော့က အနိုင်ရခဲ့သော ရလဒ် များကို ဒုတိယအကျော့တွင် ဆက်ထိန်းကြရမည်ဖြစ်သည်။

 

မန်ယူသည် ပထမအကျော့ တွင် ဆယ်လ်တာဗီဂိုကို ၁-၀ ဂိုး ဖြင့် နိုင်ထားပြီး ဒုတိယအကျော့ ကို အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် စဉ် ပရိသတ်အားပေးမှုဖြင့် ဗိုလ် လုပွဲသို့ ရောက်ရှိနိုင်မည်ဟု ယုံ ကြည်ကြောင်း ကွင်းလယ်လူကာ ရစ်က ပြောသည်။

လာမည့်နှစ်ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ပရီးမီးယားလိဂ် တွင် ထိပ်ဆုံးလေးသင်းဝင်ဖြစ် ရေးအခြေအနေမကောင်းတော့ ဟု မန်ယူနည်းပြမော်ရင်ဟိုက ၀န်ခံထားစဉ် မန်ယူသည် ယူရို ပါလိဂ်ချန်ပီယံဖြစ်ပါက လာမည့် ရာသီတွင် ချန်ပီယံလိဂ်အုပ်စုအ ဆင့်မှ ပါဝင်ခွင့်ရမည်ဖြစ်သည်။

လိုင်ယွန်ကို တစ်ကြိမ်မျှ မရှုံးဖူးသော အေဂျက်ဇ်သည် ပထမအကျော့တွင် ၄-၁ ဂိုးဖြင့် နိုင်ထားပြီး ဒုတိယအကျော့ကို လိုင်ယွန်ကွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်ကာ ဗိုလ်လုပွဲသို့တက်ရန် အ သာစီးရထားသည်။

လာလီဂါတွင် နံပါတ် (၁၂) နေရာသို့ရောက်နေသောဆယ်လ် တာဗီဂိုသည်လည်း ရာသီကုန်၌ ဥရောပတွင်အောင်မြင်မှု ရရှိရေး တစ်ခုတည်းသော မျှော်လင့်ချက် အဖြစ် မန်ယူကို ဖြတ်ကျော်ရန် အာရုံစိုက်ထားသည်။

မန်ယူသည် ပရီးမီးယားလိဂ် တွင် အာဆင်နယ်ကို ရှုံးခဲ့သော ပွဲ ၌ အနားပေးခဲ့သော အဲရစ်ဘိုင် လီ၊ ဒါလင်ဘလိုင်းနှင့်ပေါလ် ပေါ့ဂ်ဘာတို့ကို ထည့်သွင်းကာ ပထမအကျော့က နိုင်ခဲ့သော လူ စာရင်းဖြင့် ဆယ်လ်တာဗီဂိုကို ရင်ဆိုင်ဖွယ်ရှိကြောင်း မော်ရင်ဟို က အရိပ်အမြွက် ပြောထားသည်။

ထိုအတောအတွင်း ဆယ်လ် တာဗီဂိုတွင် တိုက်စစ်မှူး ရော့ဆီ၊ ဘလန်ကိုတို့ ဒဏ်ရာရနေပြီး အဓိ က ကစားသမားအချို့ မပါဝင်နိုင် ဖြစ်နေသည်။