Live Score

 

အဲဗာတန်နှင့် အေစီမီလန် ယူရိုပါလိဂ်ဖလားရှုံးထွက်အဆင့် တက်ရောက်

ယူရိုပါလိဂ်ဖလား တတိယ အဆင့်ခြေစစ်ပွဲတွင် အဲဗာတန်က အဝေးကွင်း၌ ဆလိုဗက်ကီးယား ကလပ် ရူဇွန်ဘီရော့ခ်ကို ၁-၀ ဂိုး ဖြင့် အနိုင်ရခဲ့သဖြင့် ရှုံးထွက်အ ဆင့် တက်ရောက်ခဲ့သည်။

 

အသစ်ခေါ်ယူထားသည့် ဆန်ဒရိုရာမီရက်ဇ်၏ နေရာကို ဒုတိယပိုင်း၌ လူစားဝင်လာသူ ကယ်လ်ဗာ့တ်လီဝန်က အဲဗာတန် အတွက် တစ်လုံးတည်းသော အ နိုင်ဂိုးကို ပွဲပြီးရန် ၁၀ မိနစ်အလို တွင် သွင်းယူခဲ့သည်။

ယခုနှစ် အသက် (၂၀) နှစ် အောက် ကမ္ဘာ့ဖလားတွင် အင်္ဂ လန်အတွက် အနိုင်ဂိုးသွင်းခဲ့သူ ကယ်လ်ဗာ့တ်လီဝန်၏ ဂိုးကြောင့် အဲဗာတန်သည် နှစ်ကျော့ပေါင်း ၂-၀ ဂိုးဖြင့် နောက်တစ်ဆင့် တက်ရောက်ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ဖလား ခုနစ် ကြိမ်ရရှိခဲ့ဖူးသော အေစီမီလန်က ရိုမေးနီးယားကလပ် ယူနီဗာစ တေတီကရာရီယိုဗာကို ဘိုနာ ဗန်တူရာနှင့် ပတ်ထရစ်ကက်ထ ရွန်တို့၏ သွင်းဂိုးများဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင် ၃-၀ ဂိုးဖြင့် ရှုံးထွက်အဆင့် တက် ရောက်နိုင်ခဲ့သည်။

၂၀၁၂ ယူရိုပါလိဂ်ဖလား ဒုတိယရရှိခဲ့သော ဘီလ်ဘာအိုက ဒိုင်နမိုဘူခါရက်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး နှစ်ကျော့ပေါင်း ၄-၁ ဂိုးဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ကာ  ဇင်းနစ်၊ စိန့်ပီတာစဘတ်၊ ရက်ဒ်စတားဘဲလ်ဂ ရိတ်၊ ပါနာသီနိုင်ကော့စ်နှင့် ဖီနာ ဘာချီတို့လည်း နောက်တစ်ဆင့် တက်ခွင့်ရခဲ့သည်။

အဝေးကွင်းတွင် ဂိုးမရှိ သရေကျခဲ့သည့် ပြင်သစ်ကလပ် မာဆေးက ဒုတိယအကျော့ အိမ် ကွင်း၌ ဘယ်လ်ဂျီယံကလပ် အိုစ တန်ဒီကို ၄-၂ ဂိုးဖြင့် အနိုင်ယူပြီး ရှုံးထွက်အဆင့် တက်နိုင်ခဲ့သော် လည်း ဘော်ဒိုးက ဟန်ဂေရီက လပ် ဗီဒီယိုတွန်ကို နှစ်ကျော့ ပေါင်း နှစ်ဂိုးစီသရေကျပြီး အဝေးဂိုး စည်းမျဉ်းအရ တတိယအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။

နယ်သာလန်နာမည်ကြီး ပီ အက်စ်ဗီက အဝေးကွင်းတွင် ခရို အေးရှားကလပ် အိုဆီဂျက်ခ်ကို နှစ်ကျော့ပေါင်း ၂-၀ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး ဂျာမန်ကလပ် ဖရိုင်း ဘတ်ကလည်း ဆလိုဗေးနီးယား ကလပ် ဒွမ်ဇာလီကို နှစ်ကျော့ ပေါင်း ၂-၁ ဂိုးဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။