Live Score

 

တိဗက်ဇ်နှင့် ရှန်ဟိုင်းရှင်ဟွာအသင်း လက်မှတ်ရေးထိုး

မန်ယူနှင့် မန်စီးတီး တိုက်စစ်မှူးဟောင်း ကားလို့စ် တိဗက်ဇ်သည် တရုတ်စူပါလိဂ်မှ ရှန်ဟိုင်းရှင်ဟွာအသင်းနှင့် လက် မှတ်ရေးထိုးလိုက်ကြောင်း ဘိုကာဂျူနီယာအသင်းက အတည်ပြုလိုက်သည်။


အာဂျင်တီးနားတိုက်စစ်မှူး တိဗက်ဇ် (၃၂)နှစ်ကို ရှန်ဟိုင်း က ခေါ်ယူလိုက်သော်လည်း အ သေးစိတ်ကို မသိရပေ။

ဘရိုက်တန်အသင်းနည်းပြ ဟောင်း ဂတ်စ်ပိုယက်နည်းပြ နေသော ရှန်ဟိုင်းက သီတင်း ပတ်တစ်ပတ်လျှင် ပေါင် ငါးသိန်း ကျော် လစာအပါအ၀င် ပေါင်သန်း ၇၀ ခန့် တန်ကြေးရှိ သဘောတူညီချက်ဖြင့် တိဗက်ဇ်ကို ခေါ်ယူ လိုက်သည်ဟု သတင်းများက ဖော်ပြသည်။

‘‘ကံကောင်းပါစေ။ ကာလီ တို့စ်၊ ငါတို့ရဲ့ နှလုံးသားထဲမှာ မင်းအမြဲရှိနေမှာပါ’’ဟု ဘိုကာဂျု နီယာအသင်းက ဆုတောင်းပေး သည်။

တိဗက်ဇ်သည် ပရီးမီးယား လိဂ်တွင် ခုနစ်နှစ်ကြာ ကစားခဲ့ ပြီး မန်ချက်စတာနှစ်သင်းစလုံးနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့ သည်။ ၂၀၀၈ တွင် မန်ယူနှင့် ချန်ပီယံလိဂ်ရရှိကာ ၂၀၁၃ က ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့ပြီး အီတလီ ချန်ပီယံဆုနှစ်ကြိမ်ရရှိခဲ့သည်။