Live Score

 

အသင်းကြီးများ အမှားအယွင်းမခံတော့သည့် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲများ

၂၀၁၈ တွင် ရုရှားနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်အုပ်စု (A) နှင့် (B) မှ ပွဲစဉ်များကို ယနေ့ညနေတွင် ကျင်းပမည်ဖြစ်သည်။

 

အုပ်စု(B) တွင် သြစတြေးလျနှင့် ယူအေအီး၊ ဆော်ဒီအာရေးဗီးယားနှင့် အီရတ်၊ ဂျပန်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စု (A) တွင် အီရန်နှင့် တရုတ်၊ တောင်ကိုရီး ယားနှင့် ဆီးရီးယား၊ ဥဇဘက် ကစ္စတန်နှ့င် ကာတာတို့ ကစား ကြမည်ဖြစ်သည်။

သြစတြေးလျသည် ပြီးခဲ့ သည့် သီတင်းပတ်က ယှဉ်ပြိုင်ခဲ့ သော အီရတ်နှင့်ပွဲတွင် တစ်ဂိုးစီ သရေကျပြီး နောက်ဇယားထိပ်မှ ဆော်ဒီအာရေးဗီးယား၊ ဒုတိယ နေရာမှ ဂျပန်တို့နှင့် သုံးမှတ်ကွာ ဟသွားသည်။ ထို့ကြောင့် သြစ တြေးလျသည် ယူအေအီးနှင့်ပွဲ တွင် အနိုင်ရပါမှ ကမ္ဘာ့ဖလားကို လေးကြိမ်ဆက်ဝင်ရောက်ခွင့် ဆက်လက်ရှင်သန်မည်ဖြစ်သည်။ ယူအေအီးသည် သြစတြေးလျ ထက် တစ်မှတ်သာလျော့နည်းပြီး နောက်ဆုံး ကစားသည့်ပွဲတွင် ဂျပန်ကို ရှုံးနိမ့်ထားသည်။


ဆော်ဒီအာရေးဗီးယားနှင့် ဂျပန်တို့သည် ရမှတ် ၁၃ မှတ်ချင်း တူညီသော်လည်း ဆော်ဒီအာ ရေးဗီးယားက ဂိုးကွာခြားချက်အ သာဖြင့် အုပ်စုပထမနေရာကို ရ ယူထားသည်။ ဂျပန်သည် ဆော်ဒီ အာရေးဗီးယားကို သုံးဂိုးပြတ်ဖြင့်ပူပူနွေးနွေးရှုံးနိမ့်ထားသည့် ထိုင်းနှင့် ကစားမည်ဖြစ်ပြီး ယင်းပွဲတွင် သုံးမှတ်ရယူရန် မျှော်လင့်ထား သည်။ ဆော်ဒီအာရေးဗီးယားက ခြေစစ်ပွဲခြောက်ပွဲတွင် လေးမှတ် သာရယူထားနိုင်သည့် အီရတ်နှင့် ကစားရမည်ဖြစ်သည်။

အုပ်စု (A) တွင် ပထမနေရာ မှ အီရန်သည် တောင်ကိုရီးယား ကို မထင်မှတ်ဘဲ ၁-၀ ဂိုးဖြင့် အ နိုင်ရခဲ့သည့် တရုတ်နှင့် ယှဉ်ပြိုင် မည်ဖြစ်ပြီး အနိုင်ရခဲ့ပါက ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက် တက်ရောက်ရန် တစ်ပွဲသာ အနိုင်ကန်ရတော့မည်ဖြစ်သည်။ အီရန်သည် ဒုတိယနေရာမှ တောင်ကိုရီးယားကို လေးမှတ် ဖြတ်ထားနိုင်သည်။

မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ ခဲ့သော တောင်ကိုရီးယားက စတုတ္ထနေရာမှ ဆီးရီးယားကို အ နိုင်ရမည်ဟု မျှော်လင့်ရသည်။ ဆီးရီးယားသည် ပြီးခဲ့သည့် သီ တင်းပတ်က ဥဇဘက်ကစ္စတန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင် ခွင့် မျှော်လင့်ချက် ဆက်လက်ရှင် သန်နေကာ ရမှတ်ရှစ်မှတ် ရရှိ ထားသည်။

ရမှတ် ကိုးမှတ်ဖြင့် တတိယ နေရာ၌ ရပ်တည်နေသည့် ဥဇဘက်ကစ္စတန်က ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။